Professional Authors

“လူ (2014 Version)”

အတ္တကို အရောင်သွင်း…
အလိုရမ္မက်တွေနဲ့ ရှင်သန်သူ….
ငါက…
အကောင်းဆုံးတွေကိုမှ လိုချင်တဲ့လူလေ…..

ဘယ်သူတွေ ဘာဖြစ်ဖြစ်…
ငါသာ နံပါတ်တစ်ပေါ့…
ခလုတ်ကန်သင်းဖြစ်မဲ့ အရာတွေကိုရှင်း….
ကျောတစ်ခင်းစာ ဘ၀တွေကိုချူ…
နေမ၀င် အင်ပါယာကိုထူမယ်….

ကိုယ်ချင်းစာခြင်းဆိုတာ….
ငါ့ရာဇ၀င်မှာ ဖျက်မြင်းပေါ့……
မင်းတို့မျက်ရည်များများသက်မှ…
ငါ့အောင်မြင်ခြင်းက လေးနက်မှာ…….

အပေးအယူဆိုတာ..
မျှတစရာမလို…အဓိပ္ပာယ်မဲ့တဲ့အလုပ်…
ဘယ်တော့မှ ငါမလုပ်ဘူး….
ရသမျှကို လက်ဝါးကြီးအုပ်….
ဒါမှ..ငါ့အထုပ်က ပိုကြီးလာမှာလေ…….

မသိနားမလည်ခြင်းဆိုတာ…
ငါအကြိုက်ဆုံး အရည်အချင်းပေါ့…
အဲ့ဒီတော့မှ….
ဘယ်လိုအရောင်ဆိုးဆိုး..
ဘယ်လိုပဲ ခေါင်းပုံဖြတ်ဖြတ်…
ဘာမှ ပြန်မပြောတတ်မှာလေ…

ရခဲလှတဲ့ဘ၀…
လူအဖြစ်ရတုန်းမှာ…
ရေမီးအစုံနဲ့…လေထီးခုန်ချင်တာပေါ့….
နောင်ဖြစ်မှ နောင်ရှင်း…
နောက်ဘ၀အတွက် မစဉ်းစားချင်ဘူး…..

ဒီဘ၀ ဒီခန္ဓာမစဲသ၍
ငရဲကိုလည်း မကြောက်…
နတ်ဘုံနတ်နန်းကိုလည်း မမျှော်…..
သူများမျက်ခုံးမွှေးပေါ်မှာ…
ငါ..မွေ့ပျော်မယ်………..။

လေးညှို့ရှင်
၁၈.၈.၂၀၁၄
(10:41 AM)

In: ကဗျာ Posted By: Date: Aug 18, 2014
Comment #1

>>> လူ <<<

commentinfo By: နွေ at Aug 20, 2014
Comment #2

သိပ်ကောင်းတယ်ဗျာ…..

commentinfo By: Ko Zay at Aug 24, 2014
Comment #3

ကျေးဇူး နွေ နဲ့ Ko Zay နောက်လဲ ကဗျာအသစ်တင်ရင် အားပေးပါဦးဗျာ

commentinfo By: laynhyotshin at Aug 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment