Professional Authors

ကိုယ်ရံတော်

ရွှေသားရုပ်သွင်
နန်းပလ္လင် ပင်မြင့်ထက်မှာ
မင်းသခင် ကြင်ခွင့်သက်လျာ
အကြင်နာ ရင်မှာ ထွေးပွေ့
ပျော်မွေ့နေဟန်…….

လောကအလယ်
သောကသူကြွယ် ဖယ်ခွာရှင်း
သိမ်မွေ့ခြင်း တစ်ဝက်
ထက်မြက်ခြင်း တစ်ဖက်နဲ့
မြင့်မြတ်တဲ့ အရှင်
သခင် သခင့်ခြေရင်း
ဝပ်စင်းခဲ့ပြန်…..

နန်းစံတဲ့ သခင်
ပန်းသဇင် ပြည်တော်ဝင်မို့
နန်းတော်စင် တင်မြောက်ထား
သခင့်နား မာန်ရန်စွယ်
အန္တရာယ် ပယ်ရှင်း
မင်းခစား အကျွန်
ကျိုးနွံနေလျက်……

ရင်ထဲက ဝေဒနာ
ရိုကျိုးစွာ ဖယ်ရှား
သခင်အနား သခင်အပါးဝယ်
ကာကွယ်လို့ စောင့်ရှောက်
အနီးဆုံးရောက်နေသော်လည်း
နေမြဲအတိုင်းပင်
အခွင့်မပိုင် မကိုင်ရ
အခွင့်မရှိ မထိရ
အကျွန်ုပ်က….ကိုယ်ရံတော် သက်သက်……

နေလှိုင်း

In: ကဗျာ Posted By: Date: Jun 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment