Professional Authors

ကဗျာကို ကပျာကယာ တောက်ချလိုက်တဲ့အခါ (သက်ထွေး)

ဒီပွဲမှာ ငါရှုံးတယ်
ငါ့ကိုငါ မိမိရရချုံ့ကြည့်တဲ့အခါ
တစ်သက်လုံး သေဖေါ်ညှိမရတဲ့စိတ်က
ရယ်သံမောသံတွေ ထုတ်ချင်းပေါက်တဲ့အထိ
ငါ့ဘေးမှာ တိုက်ပွဲဝင်နေတာ ငါတွေ့တယ်
ဒါပေမဲ့ ဒီပွဲမှာ ငါရှုံးပါတယ်
ငါပြောခဲ့သားပဲ
စစ်ပဲဖြစ်ဖြစ် စိတ်ပဲဖြစ်ဖြစ်
အဖျားဓါတ်လိုအပ်နေတဲ့ သမာဓိမှာ
မိုးရေငတ်သူဟာ အရှုံးပဲ
မိပြီလို့ ထင်ရတဲ့
ဝတ်ကျေတန်းကျေ အင်အားကို
ငါမြဲနေအောင် ကိုင်ထားတယ်
ကျိတ်ပြီး ကျိန်ဆဲနေမိတဲ့
ဖုံးမရဖိမရ စာနာမှုကိုတော့
ငါဖြတ်ပစ်မလား စိတ်ကူးတယ်
ထိခိုက်ရှနာမှုထက်
မှေးမှိန်လွင့်ပါးမှုကိုများ
ငါ ပိုကြောက်နေမိသလား
ငါ့ ဦးခေါင်းထဲ ယိုစီးနေတဲ့
လူ့တန်ဖိုးဆိုတာ
ချိန်ကိုက်ဗုံးတော့
မဟုတ်တန်ရာ
ဒီပွဲမှာ ငါရှုံးပါတယ်
ငါပြောခဲ့သားပဲ
ပြုခဲ့ဖူးတဲ့ သစ္စာအပေါ်
ခဏတဖြုတ်တင်လာတဲ့
မေ့စရာ မောစရာတွေကို
ငါမူးမူးနဲ့ ပေးဝင်လိုက်တာကိုက
ငါရှုံးတယ်။ ။

သက်ထွေး
၃၀ ဧပြီ ၂၀၁၃ နေ့လည် ၃း၀၃

In: ကဗျာ Posted By: Date: Apr 30, 2013
Comment #1

a lit bit difference.
af reading the poem,i feel that u win.

commentinfo By: ei lay at Apr 30, 2013
Comment #2

လုံးဝ မိုက်တယ်

commentinfo By: zawthetoo at May 3, 2013
Comment #3

ရေးပုံ သစ်တယ်ဗျာ ကြိုက်တယ်

commentinfo By: ယောနသံ at May 3, 2013
Comment #4

ပြုခဲ့ဖူးတဲ့ သစ္စာတရားအပေါ် စိတ်ပဲဖြစ်ဖြစ် စစ်ပဲဖြစ်ဖြစ်
လူ့တန်ဖိုးကတော့ ကျဆင်းမြဲကျဆင်းလျက်ပါ ဦးလေး 🙂

commentinfo By: မိငြိဏ်းခက် at May 3, 2013
Comment #5

လူ့တန်ဖိုးဆိုတာ
ချိန်ကိုက်ဗုံးတော့
မဟုတ်တန်ရာ
ဒီပွဲမှာ ငါရှုံးပါတယ်

commentinfo By: Wa Na at Sep 16, 2014
Comment #6

ထိခိုက်ရှနာမှုထက်
မှေးမှိန်လွင့်ပါးမှုကိုများ
ငါပိုကြောက်နေမိသလား

commentinfo By: ထိုက်သူစံ at Oct 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment