မင်းမသိခဲ့တာပါ (မင်းကိုချစ်တဲ့သူ)
အချစ်ဆိုတာ ဘ၀တစ်ခုရဲ့
သေးငယ်တဲ့ အစိတ်အပိုင်းပါ
ဒါပေမယ့် မင်းမသိခဲ့တာပါ…
ငါဟာ အဲ့ဒီအစိတ်အပိုင်းနဲ့
ဘ၀ကိုတည်ဆောက်ခဲ့တယ်ဆိုတာ….
ချစ်လွန်းလို့ မသေပေမယ့်
သေလောက်အောင်တော့ ချစ်ခဲ့တယ်
မင်းမသိခဲ့တာပါ… တကယ်ဆို
ငါ့တို့ရဲ့ကြားမှာ တတိယလူမရှိခဲ့တာ
ငါတို့ဟာ အချိန်နဲ့ နေရာကြားမှာ
ဗျာများနေခဲ့ကြတာပါ…
နှစ်ကိုယ်ကြား ဘာသာစကားကို
ငါ့တို့ ကြားခံထားခဲ့တယ်
ဒါပေမယ့် ငါတို့တွေမသိခဲ့တာပါ…
အဲ့ဒီ ဘာသာစကားရဲ့ အဓိပ္ပယ်ဖွင့်ဟချက်တွေ
ဆန့်ကျင်ဘက် ဖြစ်နေခဲ့မှန်း…
လက်ဆတ်တဲ့ မနေ့ကပါပဲ
ငါတို့ရဲ့ အနာဂါတ်တွေပြုတ်ကျခဲ့တယ်
မင်း မသိခဲ့တာပါ…
သိမ်ဆည်းထားတဲ့ သစ္စာတရားတွေ
အရောင်မပြောင်းသေးဘူးဆိုတာ…
မင်းမသိခဲ့တာပါ…
ငါ့အတွက်အမှန်တရားက
လူအများနှစ်သက်ဖို့မလိုဘူးဆိုတာ
မင်းလက်ခံဖို့ပဲ လိုခဲ့တာပါ…
အခုတော့ ငါသိခဲ့ပါပြီ…
မင်းလိုအပ်တာ ၀ှက်ထားတဲ့ဖဲတစ်ချပ်
ငါ့အတွက်တော့ အတိတ်ကို
ပြန်သွားနိုင်တဲ့ ဆေးတစ်ခွက်ပေါ့…
ငါတို့လဲ သူလိုငါလို
လူတွေထဲက လူတွေပဲ
ဒါပေမယ့် အယူတွေလွဲနေခဲ့တယ်
ဒါကိုတော့ မင်းဘယ်တော့မှသိနိုင်ပါ့မလဲ…
Comment #2
မင်းမသိခဲ့တာပါ…
ငါ့အတွက်အမှန်တရားက
လူအများနှစ်သက်ဖို့မလိုဘူးဆိုတာ
မင်းလက်ခံဖို့ပဲ လိုခဲ့တာပါ…
By: မေပျို at Jan 5, 2013
Comment #3
So much touching
By: ei lay at Jan 6, 2013




Comment #1
ချစ်လွန်းလို့ မသေပေမယ့်
သေလောက်အောင်တော့ ချစ်ခဲ့တယ်……