Professional Authors

အရုပ်မကလေး ….

ထားခဲ့ရတော့မဲ့  အရုပ်ကလေးရေ
ရှေ့ မှာကြုံမဲ့ ဘ၀အကွေ့ များစွာ
လှပနေပါစေ ဆုတောင်းပေးလိုက်ပါတယ် … ။

ငါ့ခန္ဓာကိုယ်ကိုမပိုင်ပေမဲ့
အနိုင်ယူသွားသော
သေမင်း၏၀တ္တရားအောက်တွင်
ဆန္ဒမပါပဲ ကိုယ်သွားရတော့မယ်
အရုပ်မကလေးရေ …
ဖွင့်မပြောပဲ
တိတ်တိတ်လေးထွက်ခွာသွားပါရစေ … ။

ငါ့ဘ၀ရဲ့  အညတရများစွာ
အရုပ်မလေးအပြုံးနဲ့ သာယာနေခဲ့တာ
အခုတော့ ညများစွာဟာ
အရုပ်ဆိုး အကျည်းတန်နေတော့မယ် …
အရုပ်မကလေးရေ … ။

ပြန်မလာရတဲ့  ကံကြမ္မာအတွက်
အရုပ်ကလေးရယ် မငိုပါနဲ့ 
အားတင်းထားပြီးရှေ့ ဆက်သွားပါ
ငိုမနေပါနဲ့  …
ရှေ့ ဆက်သွားပါ …
မနက်ဖြန်တိုင်းဟာ လှပ ဖူးပွင့်  ဝေဆာနေပါစေ … ။

In: ကဗျာ Posted By: Date: Jun 6, 2013
Comment #1

ဘယ်သူ့အတွက်ရေးထားပါလိမ့်။ ကေအေတီကိုတောင်သတိရမိတယ်။ မဆီမဆိုင်…. 🙂

commentinfo By: moezat at Jun 6, 2013
Comment #2

သေ သွား တာ လား ဟင်

commentinfo By: ei lay at Jun 7, 2013
Comment #3

what is yr disease?

commentinfo By: cynthia at Jun 7, 2013
Comment #4

doll sick lay

commentinfo By: မေပျို at Jun 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment