Professional Authors

အပိုင်းအစတွေကောက်ဆက်ထားတဲ့ သဏ္ဍာန်ရုပ်ပုံများ(မင်းလူန)

စိတ်အချဉ်ပေါက်လာတဲ့ 
လောကွတ်တွေအကြောင်းကိုဖတ်ပြလိုက်တဲ့ အခါ
ကျုပ်တို့ ဟာရန်သူတွေလို
တစ်ယောက်ကိုတစ်ယောက်ချောင်းမြောင်း……..မြောင်း
ဘယ်လောက်ရောက်မှ
ဘ၀ဟာအဆင့် အတန်းမြင့် တယ်လို့ သက်မှတ်လို
စိတ်ကိုမေ့ မေ့ သွားရတာလဲ
တစ်ကယ်နိုင်တာကိုနိုင်တယ်လို့ သက်မှတ်လိုက်တဲ့ အချိန်မှာ
ခင်ဗျားတို့ ရောကျုပ်ရော
သုံးဆယ့် တစ်ဌာနမှာအလုပ်ဆက်ရှုပ်ရအုံးမယ်ပေါ့ 
မှတ်တမ်းကို
တမ်းပြီးမှတ်ခဲ့ တာလား
ဒါမှမဟုတ်
တန်းပြီးမှတ်ခဲ့ တာလား
သိမှု့ ဗေဒအရတော့ လူဟာထုံထုံထိုင်းထိုင်းဖြစ်နေတဲ့ အချိန်ထိ
မိုက်ရဲတဲ့ သတ္တ၀ါပဲထင်တယ်
အသက်ကြီးလာတဲ့ အခါ
ခင်ဗျားအတ္တရဲ့ အရွယ်အစားကိုပြန်တိုင်းဖူးသလား
နောက်လှည့် ကြည့် တာပဲဖြစ်ဖြစ်
ရှေ့ ဆက်သွားတာပဲဖြစ်ဖြစ်အထူအပါးတွေချိန်ထိုးညှိယူလို့ ရအောင်တော့ 
ဒီလိုကဗျာဖတ်ပေးပါ……….

စိတ်အချဉ်ပေါက်လာတဲ့ 
လောကွတ်တွေအကြောင်းကိုဖတ်ပြလိုက်တဲ့ အခါ
ကျုပ်တို့ ဟာရန်သူတွေလို
တစ်ယောက်ကိုတစ်ယောက်ချောင်းမြောင်း……..မြောင်း

                                                                           မင်းလူန

In: ကဗျာ Posted By: Date: May 27, 2011
Comment #1

ကိုမင်းလူန..အားပေးသွားပါတယ်။
အဲလို့ကဗျာမျိုးအများကြီးေ၇းနိုင်ပါစေ

commentinfo By: poem.jinx28 at May 27, 2011
Comment #2

နောက်လှည့် ကြည့် တာပဲဖြစ်ဖြစ်
ရှေ့ ဆက်သွားတာပဲဖြစ်ဖြစ်အထူအပါးတွေချိန်ထိုးညှိယူလို့ ရအောင်တော့ 
ဒီလိုကဗျာကို ဖတ်ခဲ့ပါတယ် ။

Comment #3

အားပေးသွားတယ် 😀

commentinfo By: အသဲကွဲမိုး at May 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment