Professional Authors

အခေါင်းနံပါတ် (13)

ညအခါ လသာသာ
ကစားမလားနားမလား တဲ့
ဟုတ်ပါတယ်….
ကောင်မလေးရေ….
လရောင်မှာတိမ်ဖုံးသွားလို့ 
ဆက်ကစားရမလား?
နားရမလား?
ကံကြမ္မာနတ်ဆိုးဟာ
နွေအလွန်က ထနောင်းပင်
အရိပ်တွေကို နင်းဖြတ်ပြီး
သွေးသံရဲရဲနဲ့  ငါ့ဆီကို
ရောက်လာတယ်…..
တစ်မိုးတွင်းလုံးတံခါးပိတ်
တိတ်တိတ်လေးပဲ
ငိုကြွေးပါရစေတော့…
အခေါင်းနံပါတ် ၁၃
ပြိုင်မြင်းတို့ ရဲ့ခွါသံ
အပယ်ခံတွေရဲ့နှလုံးသား
တကယ်တမ်းက
ချစ်တတ်သူရဲ့ကျဆုံးခြင်း
အားလုံးဟာ ………
ကြိုးမညီတဲ့ဂစ်တာရဲ့
သံစဉ်တွေပါပဲ ချစ်သူရယ်….
                           ရဲဝင့်အောင်(ဒဿနိကဗေဒ)
္ကဤကဗျာလေးသည် ကျွန်တော်အပျော်တမ်းထုတ်ဝေသော တတိယမြောက်ကဗျာစာအုပ်တွင်
ပါဝင်ရန်ရွေးချယ်ထားပါသည်။ ကဗျာဆရာတစ်ယောက်အဖြစ် ရပ်တည်လိုသောကြောင့်
မဂ္ဂဇင်းတိုက်များနှင့် အဆက်အသွယ်လိုချင်ပါသည်။ကူညီနိုင်မည့်သူများအားအလိုရှိပါသည်။
[email protected] နှင့်
[email protected] သို့ ဆက်သွယ်ပေးပါရန် လေးစားစွာဖြင့်
အကူညီတောင်းခံအပ်ပါသည်။
                                ရဲဝင့်အောင်(ဒဿနိကဗေဒ)
       

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်…..

commentinfo By: May Kha at Sep 14, 2011
Comment #2

really nice,
really nice,
really nice,

commentinfo By: ei lay at Sep 14, 2011
Comment #3

ကဗျာကအရမ်းကောင်းတယ်ဗျ….
ကဗျာဆရာတစ်ယောက်ဖြစ်မှာသေချာပါတယ်
အရေးအသားကောအတွေးကောပေါ့

commentinfo By: ကြယ်စစ်သည် at Sep 18, 2011
Comment #4

ညီ့ရဲ့ပွင့်လင်းရိုးသားမှုကို
အစ်ကို လေးစားပါတယ်ညီ
အဲဒီလို ဟိတ်ဟန်မရှိတဲ့ကဗျာဆရာကို
ညီအစ်ကိုတော်ရတဲ့အတွက်
ဂုဏ်ယူပါတယ်ညီရေ . . .

ချစ်ခြင်းများစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment