Professional Authors

ဧည့်သည်

လွတ်လပ်စွာတည်ရှိနေတဲ့
ငါ့နှလုံးသားရဲ့နေရာတစ်ခုမှာ
ဘယ်ကမှန်းမသိ အသိမပေးဘဲဝင်လာတယ်
ဝမ်းနည်းမှု  ပျော်ရွှင်မှု ခံစားမှုတွေကို
ထုတ်ပိုးပြီးတော့ပေါ့
 
အချစ်ဆိုတဲ့အရာကို လက်မခံတဲ့ငါ
အချစ်ဆိုတာကို မယုံကြည်တဲ့ငါ
မင်းနဲ့တွေ့ မှ ငါ့နှလုံးသား
အမှန်အကန် ဖျားနေပြီလား

လေပြေနဲ့အတူသယ်ဆောင်လာတဲ့ မင်းရယ်သံတွေ
ရစ်နှောင်စွာကြည့်တတ်တဲ့မင်းအကြည်.တွေ
ချိုသာစွာပြောတတ်တဲ့ မင်းအပြောတွေကို
ဘယ်လိုမှရှောင်ဖယ်မရအောင်
ချစ်နေမိပါလားနော်

In: ကဗျာ Posted By: Date: Jun 2, 2013
Comment #1

Nice

commentinfo By: ei lay at Jun 2, 2013
Comment #2

အိလေး ကိုယ်တွေ့ပေါ့

commentinfo By: kyawnainglin174 at Jun 4, 2013
Comment #3

ကိုကျော်နိုင်လင်း
အိလေးကို လစ်တာနဲ့ဆော်တာပဲနော်။

commentinfo By: ei lay at Jun 4, 2013
Comment #4

thanks ei lay…ပထမဆုံးရေးတဲ့ကဗျာကို အားပေးတဲ့အတွက် ကျေးဇူးပါပဲ…

commentinfo By: shwe sin at Jun 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment