Professional Authors

ဧည့်သည် (သို့ ) ခ ရီး သည်

နေမထိ လေမရှိတဲ့ အရပ်က

နှလုံးသား က ဟစ်အော်ခဲ့

လေဟာနယ်က သိပ်သည်းဆပိုများတယ်

ငါကခရီးသည်ပါ

လေအလွင့်မှာ ကြွေလွင့်ခဲ့ရတာထက်စာရင်

မဖူးပွင့်နိုင်သေးတဲ့ အချိန်

အောက်စီဂျင်အတွက်.

ငါကဧည့်သည်တစ်ယောက်

တေးသွားနဲ့ မဧည့်ခံနဲ့ 

ခုနှစ်သံ အနိမ့်အမြင့်နဲ့ ဆို

ငါ ကချေသည် မဟုတ်ပါ

သစ်ရွက်တွေက လှုပ်

ယိမ်းကတဲ့ အရိပ်ကို မုန်းပြီး

ငါ….ပင်စည် ဖြစ်ချင်ဖြစ်မယ်

လမ်းက ပြနေတာမလျှောက်

ငါ့လမ်းငါဖေါက်…

ငါ ခရီးေ၇ာက်တယ်

နေ့ တွေကရှည်တယ်

ညတွေလဲ မတိုတောင်းနဲ့ 

ငါ ဆုတောင်းသူမဟုတ်ခဲ့

အနာဂါတ်…မီးအိမ်

တိတ်တိတ်လေး ထွန်းညှိ

ငါလမ်းမပျောက်သေးတာ

သေချာပါတယ်..။

In: ကဗျာ Posted By: Date: Jan 2, 2013
Comment #1

မြင်နေရတယ်broဘာတဲ့သစ်ပင်တွေယိမ်းကတဲ့အရိပ်ကိုမုန်းပြီးငါလည်းပင်စည်ဖြစ်ချင်ဖြစ်မယ်တဲ့အယူအဆတွေမိုက်တယ်bro
အားပေးနေပါတယ်

commentinfo By: ကဗျာချစ်တဲ့ကြယ် at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment