Professional Authors

ပေးဆပ်သူ ရဲ့ နှလုံးသား

ငါနင့်ကိုမေ့ပြစ်လိုက်ချင်ပါတယ်
ဒါပေမယ့်
ငါနှလုံးသား က မေ့လို့မရဘူး
အချစ် နဲ့ စစ် မှာ
မတရား တာ မရှိဘူးတဲ့
ဒီစကားကသေချာရဲ့လား၊
ဒီစကားလုံးတွေသာမှန် ခဲ့ မယ်ဆိုရင်တော့
ငါကိုမညှာ မတာ လှောင်နေသလိုဘဲ။

ငါရဲ့ ရှုံးနိမ့်ခြင်းအတွက်
ငါ့အတ္တ နဲ့ ငါသစ္စာ တရားကို သနားတယ်
အနိုင်ရခဲ့တဲ့ စစ်သူကြီးတစ်ယောက်ရဲ့
အပြုံးမျိုးနဲ့ ပြုံးနေတဲ့ သူတို့
အရမ်းပျော်နေမယ်ထင်ပါရဲ့

အနိုင်မယူတတ် သူ တစ်ယောက်ရဲ့
ရှုံးနိမ်ခြင်းတွေနဲ့ ငါနင့်ကိုပေးဆပ်ခဲ့ပါတယ်။

တကယ်ဆို…..
ကိုယ်ချစ်ရတဲ့ သူတစ်ယောက်
ကိုယ်ရင်ခွင်တည်းက
ဝုန်းးးးးခနဲ့
ဆွဲထုတ်ခံရတာ
ဘယ်လောက်နာကျည်ခဲ့မယ် မင်းထင်လည်း

ကောင်မလေးရယ်………
မင်းမရှိတဲ့ မနက်ဖြန်တွေကို
ငါ….မျှော်မနေချင်ဘူး
အဓိပ္ပါယ် မရှိတော့ တဲ့
ပေတစ်ရာဘ၀လမ်းမှာ
မျှော်လင့်ချက်မဲ့စွာ
ခေါင်းငိုက်စိုက် လမ်းလျှောက်နေရပါတယ်။

ပြန်မဆုံနိုင်တော့တဲ့
ချစ်သူနှစ်ယောက်ရဲ့ ဘဝ
ကမ္ဘာကြီး ခြားသွားပြီ လို့ မင်းထင်နေလား။

ကောင်မလေးရယ်…..
မညာတမ်း ၀န်ခံရရင်
မနာတတ်တဲ့ ငါအသဲ မှာ
ဒီနေ့အထိ  မင်းရှိနေဆဲပါပဲ။

ကောင်မလေးရယ်…….
ပေးဆပ်သူတိုရဲ့ နှလုံးသား   တဲ့
ဒီစကားဟာ
ငါအတွက် သီးသန့် ဖြစ်တည်လာတဲ့
စကားလှလှလေး ဖြစ်ခဲ့ပါတယ်။…….။

In: ကဗျာ Posted By: Date: May 31, 2013
Comment #1

ပေးဆပ်ချစ်ရတာ ကောင်းပါတယ်

commentinfo By: မေပျို at Jun 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment