Professional Authors

ငယ်ပေါင်း

မြေစမ်းချင်ရုံ အကြောင်းပြချက်နှင့်
မိုးမလွန်ချင်တာ အပြစ်ဆိုတယ်
ကျမ အနာဂတ်အိပ်မက်တွေအားလုံးကို
မျက်ရည်တွေနှင့် ထွန်ယက်ခဲ့ရတာ 
ရှင် မသိဘူး မဟုတ်လား
ရှင့် ရင်ကို ပြန်ငုံ့ကြည့်လိုက်
တစပြင်လို နာကျည်းစိတ်တွေ
မျက်မျက်ကလေး စူးရှလို့
ကျမ ရှင့်ကို သနားတယ်

ဘာကြောင့်လဲ သိလား
ပြိုင်ဘက်မရှိတဲ့ပွဲမှာ
ရှင် တစ်ယောက်တည်း 
သူသေ ကိုယ်သေ …. ကြဲလို့
ခုမှတော့
ဘာမှ မတတ်နိုင်တော့ဘူး
ရှေ့နှစ်လှမ်းမရောက်ခင်
နောက်ကို ပြန်ပြန်ဆုတ်နေတဲ့
ခြေလှမ်းပေါင်းများစွာကို ဖက်တွယ်ရင်း…
ကြေးမုံတစ်ချပ်လို
ရှင် ပြုံးရင် ကျမ ပြုံးမယ်
ရှင် မဲ့ရင် ကျမ မဲ့မယ်
ဟောကိန်းတစ်ခုလောက်နီးနီး
သေချာပြီးသား ဇာတ်လမ်း
ငါးမရလည်း ရေချိုးပြန်ရုံ

ငတ်မွတ်နေတဲ့ စိတ်ကို 
တပ်ခေါက်သိမ်း
ကျမနှင့် ရှင်ဟာ
တစိတ်တ၀မ်းတည်း 
လည်ပင်းဖက် လျှောက်လို့ …….။
အားလုံးကို လေးစားခင်မင်လျက်
မေပျို (YIOE)
 
In: ကဗျာ Posted By: Date: May 26, 2013
Comment #1

အားပေးသွားပါသည်

commentinfo By: ei lay at May 26, 2013
Comment #2

မိုက်မိုက်

commentinfo By: ap at May 28, 2013
Comment #3

အနာဂါတ်အိပ်မက်အားလုံးကို..မျက်ရည်နဲ့ထွန်ယက်…(y)

commentinfo By: niaallin at May 28, 2013
Comment #4

အားပေးသွားပါတယ်။
ကျမ ရှင့်ကို သနားတယ်။ကြေးမုံတစ်ချပ်လို
ရှင် ပြုံးရင် ကျမ ပြုံးမယ်
ရှင် မဲ့ရင် ကျမ မဲ့မယ်
like it!

commentinfo By: winkokonaing at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment