Professional Authors

ချစ်လှစွာသော မ … သို့ 

            (၁)
အရမ်းချစ်တယ် မ
ဒါပေမဲ့ 
မောင့်လို မီးလျှံတစ်ခုထဲကို
တိုးလို့ ဝင်မလာပါနဲ့ 
မောင်မခေါ်ရက်ဘူး
ဒါပေမဲ့ လည်း
မောင်မနှင်ရက်ဘူး …  ။

သံယောဇဉ်ကြိုးက
မောင်တို့ နှစ်ဦးကိုချည်လို့ 
ဟိုးအဝေးကို
ခေါ်သွားရင်လဲကောင်းသား … ။

အရမ်းချစ်တယ် မ
ဘယ်လိုတွေးတွေး ဒီတစ်ကြောင်းပဲ
ရေးရေးနေမိတယ်
“အရမ်းချစ်တယ် မ” … ။

အရမ်းချစ်တယ် မ
မောင်ဟာမနဲ့ မတန်ပါဘူး
နုံချာချာနဲ့ မွေးလာခဲ့တဲ့ 
ဇာတ်တွေ
ဒူးထောက်ခေါင်းစိုက်ရင်းနဲ့ 
ရှင်သန်နေရတဲ့ ဘ၀ကြားမှာ
မ ကိုမထိခိုက်စေချင်ဘူး … ။

            (၂)
မ ရဲ့ အားပေးမှုနဲ့ 
မောင်ခွန်အားတွေ
မွေးဖွားခဲ့တယ် … ။

မ ရဲ့ လမ်းပြမှုနဲ့ 
မောင်လမ်းတွေ
ရှာတွေ့ ခဲ့တယ် … ။

မ ရဲ့ ကြင်နာမှုနဲ့ 
မောင့်ကမ္ဘာတွေ
လှပခဲ့တယ် … ။

            (၃)
ကြယ်စင်တွေနဲ့ ဂလက်ဆီတွေထဲ
အိမ်တစ်လုံးဆောက်ချင်ခဲ့ဖူးတယ် …
ရိုမီယိုနဲ့ ဂျူးလီးယက်ကို
ပြန်လည်ပေါင်းစည်းစေချင်ခဲ့တယ် …
ကြယ်တွေကြွေတိုင်း
ကောင်းကင်နဲ့ မြေ နီးစပ်ဖို့ 
ဆုတောင်းခဲ့ဖူးတယ် …
မ ကိုလည်း
အိမ်မက် မက်ခဲ့ဖူးတယ် … ။

In: ကဗျာ Posted By: Date: May 22, 2013
Comment #1

အားပေးသွားပါတယ်

commentinfo By: မေပျို at May 22, 2013
Comment #2

အရမ်းချစ်တယ် မ

commentinfo By: ei lay at May 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment