Professional Authors

ကြယ်ကြွေည…. (၁)

ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့ အဲဒါကိုသိလိုက်တော့ ငါ ဆုတောင်းချင်မိသွားတယ် နင်နဲ့ငါ ပေါင်းစည်းခွင့်ရပါစေပေါ့ ဒါပေမယ့်ငါ ဆုမတောင်းချင်ဘူး ဘာလို့လဲဆိုတော့ ငါ့ နင်အပေါ်ထားတဲံ ငါ့ အချစ်ကို ငါ ယုံကြည်လို့ပဲ နောက်ပြီး ငါ ဆို့ ၂ ယောက်ပေါင်းရဖို့ အတွက် ကြယ်လေးတွေကို မစတေးချင်ဘူး ငါတို ၂ ယောက် တစ်ယောက်ကို တစ်ယောက် တကယ်ချစ်ကြမယ်ဆိုရင် ငါတို့တွေပေါင်းစည်းရမှာပေါ့ ငါ အဲဒီလိုထင်ခဲ့တယ် အဲဒီလိုပဲယုံကြည်ခဲ့တယ် ဒါကြောင့် နင် ကို ငါ အရမ်းချစ်ခဲ့တယ် နင်ကလွဲပြီး ဘယ်သူကိုမှမမြင်နိုင်လောက်အောင် ငါ့နှလုံးသားပြာလဲ့နေခဲ့တယ် နင် သိလား ငါ ဘယ်လောက်နင်ကိုချစ်လဲဆိုတာ ဖွင့်မပြောတက်အောင်ချစ်ခဲတာ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာပြောဖို့ ငါ့မှာစကားလုံးမရှိခဲံဘူး နောက်ဆုံး ငါ နင့်ကိုပြောတဲ့ စကားလုံးကရိုးရိုးလေး ချစ်တယ် တဲ့ ဒီထက်ပိုဆန်းတာ အရမ်းချစ်တယ် ဒါပဲ ငါပြောတက်ခဲ့တယ် ငါ အဲဒီလိုပြောရင် နင် သဘောကျပြီး ခပ်ဟဟ လေးရယ်ခဲ့တယ် နင် သိလား အဲဒီရယ်သံလေးကိုလဲ ငါ ချစ်တယ်…….

In: ဝတ္ထု Posted By: Date: May 22, 2010
Comment #1

ကောင်းတဲ့ ဝတ္ထုတိုတစ်ပုဒ်ပါ….။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #2

so nice

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment