Professional Authors

မှ……သို့………ချစ်လှစွာသော…. (၁)

စံပါယ်လည်းမဟုတ်…နှင်းဆီလည်းမဆန်

တော်ဝင် တန်း လည်း..မ၀င်ဘူး

အပွင့်ရဲသလို….ကြွေပြရဲတဲ့ခရေမ …

နင်ကတော့..တယုတယနဲ့..ထွေးပိုက်ထားသေးတယ်။

 

ငါမလှပါဘူး..ချမပြရဲတဲ့အတိတ်မှာ ဒဏ်ရာတွေပုံပင်ချီ

နင်ယုံချင်စရာတောင်ရှိမှာမဟုတ်ဘူး

အချစ်နဲ့ပတ်သက်

ငါ့…ကျရှုံးခန်းများ ဒဏ္ဍာရီတခုများလား..မြင်မှတ်ရလောက်တဲ့ထိ

ဒါပေမယ့်..

နင်ကတော့…မြတ်မြတ်နိုးနိုး ငြိ.

တပ်မက်စွာ

ငါ့အပြုံးတချက်အတွက်..

.နင့်အသည်းညှာလေး..မီးမြိုက်ကာဆက်သ…

ပြာကျနေပါတယ်.ဆိုသူကိုမှ..သိက္ခာတွေ..ခ၀ါချ

ခစားခွင့် ..မှန်..သမျှ…တောင်းပန်ကာ.ဒူးထောက်နေခဲ့တယ်။

 

ဒါ..ဘယ်လို အရူးမျိုးပါလိမ့်….

တခါရယ်မျှ..မကြုံဖူးပါဘူုးး…….

မမြင်ဖူးတဲ့..နူးညံ့ခြင်းတွေနဲ့…အသည်းမကောင်းတဲ့ဒီလူအတွက်

ရေလို..လေ..လို..အေးမြ

အရိပ်တခုထက် ပို မို နွေးထွေးစေခဲ့သူ

ငါဟာ…သည်လို…အချစ်မျိုးနဲ့ ထိုက်တန်သူ..တစ်ဦး

မဟုတ်…မဟုတ်ခဲ့ပါဘူး….ကွယ်

 

ထားလိုက်တော့…

ငါ့

လူတကာခြေနင်း..ခင်းခဲ့ရသော နှလုံးသားအစုတ်အပြတ်အတွက်

နင့်

သံသရာစာ..ရှာ ရ ခက် သော အကြင်နာများနဲ့…ရူးမိုက်စွာ

အလဲအထပ်ရိုက်ကြေးဆို

 

နင်…စေ.စား.ရာ အနာဂတ်လမ်းထဲ

နင့်လက်ကိုတွဲ  ရဲရင့်ခြင်းတွေ နဲ့

(အရင်လူ..အရင်လို..အရင်..အကြောင်းတွေ ငါ

ဘယ်တော့မှ ထပ် မတွေးတော့ပဲ)

အမုန်းတွေဝေးးသော ကမ္ဘာ သစ် တခု

ငါတည်ထောင်…လို့..နင့်ခြေရင်း..၀ပ်တွားကာ..ဆက်သထားပါ့မယ်

 

နှလုံးသားလှတဲ့ ငါ့ကမ္ဘာ က မြို့စားမင်းရယ်

နင့်ကို..ဘယ်တော့မှ…ချစ်လို့ တင်းတိမ်နိုင်မှာမဟုတ်ပါဘူးကွယ်။

 

(ရေးထားတာတော်တော်လေးတော့ကြာပြီဗျ..ကျွန်တော်ကဗျာမတင်တာကြာပြီမို့…..)

In: ကဗျာ Posted By: Date: May 10, 2012
Comment #1

ma moe yae,,
heart hti twar pyan p,
poem hte ka a tine ei lay le swe saung hmu shi yin kaung hmar pe,,,a hi,, 😛

commentinfo By: ei lay at May 10, 2012
Comment #2

နင်…စေ.စား.ရာ အနာဂတ်လမ်းထဲ

နင့်လက်ကိုတွဲ ရဲရင့်ခြင်းတွေ နဲ့

(အရင်လူ..အရင်လို..အရင်..အကြောင်းတွေ ငါ

ဘယ်တော့မှ ထပ် မတွေးတော့ပဲ)

အမုန်းတွေဝေးးသော ကမ္ဘာ သစ် တခု

ငါတည်ထောင်…လို့..နင့်ခြေရင်း..၀ပ်တွားကာ..ဆက်သထားပါ့မယ်

နှလုံးသားလှတဲ့ ငါ့ကမ္ဘာ က မြို့စားမင်းရယ်

နင့်ကို..ဘယ်တော့မှ…ချစ်လို့ တင်းတိမ်နိုင်မှာမဟုတ်ပါဘူးကွယ်…………………..

အ၇မ်းကောင်းတယ် မကြီး မိုး၇ယ်………အားပေးလျှက်ပါ……..

commentinfo By: kaungkaung at May 10, 2012
Comment #3

thank all my fri for giving me comment

commentinfo By: athaekwelmoe at May 11, 2012
Comment #4

နင့်ကို..ဘယ်တော့မှ…ချစ်လို့ တင်းတိမ်နိုင်မှာမဟုတ်ပါဘူး

commentinfo By: ကံ့ကော်မောင် at May 18, 2012
Comment #5

မမိုး…..င့ါအမ ကတော့
ဘယ်တော့ဖြစ်ဖြစ်..ရေးလိုက်ရင်.အကောင်းတွေချည်းပဲ.
အခုမှပဲအားပေးဖြစ်တော့တယ်…။

commentinfo By: poem.poem28 at May 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment