Professional Authors

အကြီးကျယ်ဆုံးပြပွဲ

လေညှင်းလေးတွေလက်ဆောင်များနဲ့ည
လင်းလက်တောက်ပနေတဲ့ကြယ်စင်တွေကြားက
 လမင်းလေးကိုယ်တိုင်ကသီချင်းဆိုပြခဲ့တယ်
ငါ့နှလုံးသားလင်းလက်တောက်ပမူက
 ကမ္ဘာမြေနဲ့အပြိုင်၊နေတောင်ထိုင်နေခဲ့ရတယ်
ချိတ်ဆွဲထားခဲ့တဲ့ပန်းချီကားတစ်ချပ်လေးထဲက
ရောင်စုံပန်းခင်းလေးနဲ့အိမ်လေးတစ်လုံး
 ကြည်နူးမဆုံးတဲ့အပြုံးကိုယ်စီနဲ့တို့နှစ်ဦး
 ” အချစ်ရှိရင်ပျော်တယ်” တဲ့
 အလင်းရောင်တွေထဲမှာအမှောင်တွေကင်းနေခဲ့တာ
ဟောဒီရင်ဘတ်ထဲကိုတိတ်တိတ်လေး
 လာကြည့်လှည့်ပါ
တကယ်ရှိနေတာမင်းသမီးလေးအတွက်ပါ
 ငါ့နှလုံးသားသီးသန့်ပြတိုက်တစ်ခုမို့ပါ။

In: ကဗျာ Posted By: Date: Dec 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment