Professional Authors

သံသရာ ….. ရေ ..

အရောင်မဲ့နေတဲ့ညနေကို နောက်ဆုံးမှာပဲ
ငါ ထားခဲ့လိုက်ပါတော့မယ့် …
ဒါ ပျောက်ဆုံးသွားတာမဟုတ်
ရောက်တုန်းရောက်ခိုက်မှာ အရောင်စွန်းသွားတဲ့နှလုံးသား
ခဏရှောင်ပုန်းသွားတာပါကွယ် …..
သံသယအမုန်းများနဲ့ ပြန်မရဆုံးသွားတဲ့အမေ့ခံမေတ္တာတရား
ဇာတ်သိမ်းကစတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်
သံသရာ …………ရေ
ကံကြမ္မာဆိုတာ ကြံရာပါမဟုတ်ပါဘူးကွယ်
အမှန်ထင်ရာမှားတတ်သလို
တဖန်ပြန်လာတတ်သောမမျှော်လင့်နိုင်ခြင်းတွေနဲ့
အရန်သင့်ဖောက်ပြန်တတ်သောသဘောတရား
ဘ၀ဆိုတာအနည်းနဲ့အများဆိုသလို ခါးတတ်ပါရဲ့ဗျာ
တအားဖက်တွယ်မထားပါနဲ့
ခင်ဗျားရပ်တည်နေတယ်ဆိုတာ တဒင်္ဂပါ
ထင်သမျှတွေနဲ့မြင်ရတာတွေကမသေချာ
ဘ၀င်ကျချင်လည်းကျ မကျရင်လည်းမကျပေါ့
ရင်းတွင်းခံစားချက်များ မတင်မကျခံစား
ဘ၀ပြီးရင်းဘ၀ ခဏပြီးရင်းခဏ
အလှမငြီးသောသမုဒယ
ဒုက္ခပြီးတော့ဒုက္ခ  အနိစ္စပြီးအနိစ္စ
လှုပ်လို့မရတဲ့ဘ၀နွံထဲက
ကြံရာမရနိုင်တဲ့အဆုံးမှာ
သံသရာ ……… ရေ
ငါ့ကို ထူလှည့်ပါအုန်းကွယ် ။        ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: May 21, 2013
Comment #1

Don’t give up

commentinfo By: မေပျို at May 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment