Professional Authors

သံသရာ(စောဝေ)

သတင်းညထဲ
ရိုက်ထည့်လိုက်တဲ့
လေးမြှောင့်သံတစ်ချောင်းရဲ့
ရာဇဝင်ဟာ
လိမ့်ကျလာတဲ့
ကြယ်တစ်လုံးကို ရွက်လို့။
မြို့ရဲ့ဝမ်းစာ
ကျောရိုးမဲ့ လမ်းတွေကို
လှမ်းကြည့်လိုက်တော့
အိပ်မက်ပြယ် ရယ်သံဘူးခွံများ…။
စင်းလုံးငှားလာတဲ့
အပြုံးမြမြလေးများ..။
မျက်တောင်တုများပေါ်က
နေ့ဖိနပ်တစ်ရံ…။
ခေါက်ရိုးနာအချိန်ထဲ
မျောလို့လာတဲ့စာတစ်ပိုဒ်က
ဖွဖွလေး လွမ်းကြရအောင်တဲ့။ ။

Comment #1

ခေါက်ရိုးနာအချိန်ထဲ
မျောလို့လာတဲ့စာတစ်ပိုဒ်က
ဖွဖွလေး လွမ်းကြရအောင်တဲ့။ ။

commentinfo By: ချစ်မိုးဦး at Dec 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment