Professional Authors

=== မီဒီယံ ===

ညှို့နိုင်လွန်းတဲ့ သူ နဲ့
စွဲငင်တတ်သော မင်း
ဒီနှစ်ဦးအကြား ……
ငါ့ရဲ့ ……………………
ရင်ခုန်သံ ဒီလှိုင်းများဟာ
နိမ့်လိုက် … မြင်လိုက် …
ဖြစ်နေခဲ့ရပေါ့ ။           ။

တခါတရံ ………………..
လှိုင်း က ကြမ်းကြမ်း …….
လ က မိုက်မိုက် ………….
ပင်လယ် နဲ့ လမင်း
ငါ့ရင်းတွင်းမှာ စစ်ခင်းနေခဲ့ ။      ။

အနိုင်အရှုံးမရှိတဲ့
ဒီကစားပွဲမှာ ……………..
မြေဇာပင်ဖြစ်ရတဲ့ငါ့နှလုံးသား …
လကလည်းပစ် ……………..
ပင်လယ်ကလည်းနှစ်ခဲ့ပေါ့ ။      ။

နောက်ဆုံးတော့ …………
ငါ့မှာသာ ………………….
ပင်လယ်သီချင်းနဲ့ ……….
လမင်းကိုငြီးရင်း ………….
နွမ်းလျရင်မောခဲ့ရပေါ့ ။           ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Nov 19, 2012
Comment #1

အနိုင်အရှုံးမရှိတဲ့
ဒီကစားပွဲမှာ ……………..
မြေဇာပင်ဖြစ်ရတဲ့ငါ့နှလုံးသား …
လကလည်းပစ် ……………..
ပင်လယ်ကလည်းနှစ်ခဲ့ပေါ့ ။ ။

commentinfo By: မေပျို at Nov 19, 2012
Comment #2

🙁
So bad

commentinfo By: ei lay at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment