Professional Authors

ပကတိကြံရွယ်ထားတဲ့ မှတ်တမ်း

နှလုံးသား ကျွန်ခံဖို့အတွက်
လက်ဖ၀ါးမှာ  အနှောက်အမှောင့် လက္ခဏာများကိုသာ
အခြေခံထားခဲ့တယ်လေ
ပေးစပ်မှုတိုင်းက လျော်ကြေးတွေထက်
တန်းဖိုးကြီးတယ် ဆိုတာကို သူမသိတဲ့နောက်
အနိုင်သွားခဲ့ပြီး  
ငါမသိခဲ့တဲ့ ဟက်တက်ကွဲသီအိုရီဖြစ်ခဲ့ပြီး
ရာဇ၀င်တွေကို အသာအယာဘေးချိတ်ထား
ဥတုမမျှတဲ့ ရာသီလို့သာသဘောထားပေးပါ
ဆောင်းရဲ့ အရှင်လတ်လတ် ပြက္ဒိန်ထဲမှာ
မင်းဟာ  ငါ့ရဲ့ လမင်းကို မသိမသာဝှက်ထားခဲ့တဲ့ ဖဲတချပ်ပါ
ရော်ရင့်စွာအိုနေတဲ့ ရင်ခွင်ကို
ဂျစ်ပစီိလို့သာ အခေါ်ခံပြီး
ကိုယ့်ဒူးကိုယ်တောင် ဂရုမစိုက်နိုင်အောင်
ဒီဇင်ဘာအောက်မှာ ရဲရင့်စွာထောက်ခဲ့ရပြီး
(အဲ့ဒါဟာ ငါ့အရိပ်ပဲကို)
ကောင်းကင်ကြီးအော်နေရင်တောင်
ဘေးကထွက်မသွားနဲ့
ဟောဒီက  “ကောင်” မင်းအတွက်
In: ကဗျာ Posted By: Date: Oct 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment