Professional Authors

အလွမ်းတွေ ရှိတဲ့ အရပ်ဆီ

မနေ့က လွမ်းတယ်

ဒီနေ့  တမ်းတတယ်

မနက်ဖြန် ဘာဖြစ်မှာလဲ…

 

ရုံရင်ရုံ   မရုံရင်နေ

အလွမ်းတွေ မရှိရင် ငါမနေတက်ဘူး…

မင်းကိုမလွမ်းရပဲနဲ့  ငါမနေတက်ဘူး…

 

အခုည…

အလွမ်းတွေ ခံစားလိုက်တော့

ငါ့ရှေ့မှာ ကြယ်ကလေးက

လင်းလိုက် မှိန်လိုက်နဲ့

 

ဘယ်လို ရပ်တန့်ရမှန်းမသိပါပဲ

ညသင်ပုန်းပေါ်က

စာလုံးတွေက

ပိုးစုန်းကြူးတွေ အကြောင်း

ရှင်းပြနေကြတာ

ငါ့မျက်လုံးတွေက ကျိန်းစပ်လို့

 

သူ့အပြုံးတွေပဲ လွမ်းနေရတဲ့ အဖြစ်က

ကြယ်တွေငေးနေသလို ကျက်သရေ ရှိလိုက်တာ

 

လွမ်းတာတွေ သူသိစေချင် သလို

လွမ်းဖို့လဲ အခွင့်အရေးရဘူးချင်းတယ်

အလွမ်းတွေ အလွတ်ကျက်တိုင်းလည်း

သူ့အပြုံးတွေက တဖျစ်တောက်တောက်နဲ့

အလွမ်းတွေရှိတဲ့ အရပ်ဆီ…

နဂိုက သံယောဇဉ်နဲ့…

နီးရာကို ခြွေဆင်းခဲ့မယ်…

ဆုတောင်းတစ်ခုပြုလို့…

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

yone chin yone ma yone chin nay.
min ko lwan de a kyaung kha na kha na pyaw nay ya dar lay ko pyaw de.
he,,he,,

commentinfo By: ei lay at Nov 2, 2011
Comment #2

အလွမ်းတွေ ရှိတဲ့ အရပ်ကို လုလင် လာရောက်သွားပါတယ်

Comment #3

အခုည…

အလွမ်းတွေ ခံစားလိုက်တော့

ငါ့ရှေ့မှာ ကြယ်ကလေးက

လင်းလိုက် မှိန်လိုက်နဲ့

ဘယ်လို ရပ်တန့်ရမှန်းမသိပါပဲ

ညသင်ပုန်းပေါ်က

စာလုံးတွေက

ပိုးစုန်းကြူးတွေ အကြောင်း

ရှင်းပြနေကြတာ

ငါ့မျက်လုံးတွေက ကျိန်းစပ်လ

commentinfo By: May Kha at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment