Professional Authors

တို့ အတူ

ချစ်သူလို အစ်မလို
ရိုသေလေးစား မြတ်နိုး
ချစ်ခင်ရပါသော မေ ။

ပျော်စရာတွေ တွေး
ပျော်စရာတွေ ရေး
တို့ တွေ ငိုမနေကြေး
အတိတ်ဒဏ်ရာတွေ မေ့
အနာဂါတ်ကိုတွေး
တို့ တွေအိမ်မက်လေး … ။

ပထမဆုံး
ပထမဦးဆုံးတွေနဲ့ ပဲ
အစချီထားတယ်နော်
အချစ်ဆုံး … ။

နံပါတ် (1)
မုသားမသုံး
ဆင်ခြေမသုံး
ချစ်သူအတွက်ဆို
အမှန်တရားတွေပဲသုံးမယ် … ။

နံပါတ် (2)
ဂီတ သံစဉ်
ကဗျာ ကာရန်
ရင်ခုန်သံတွေ မြန်နေအောင်
ဖွဲ့ ကြမယ် … ။

နံပါတ် (3)
ထာဝရမမုန်းပဲ
တစ်ယောက်နဲ့ တစ်ယောက်
အသက်ထက်ဆုံးချစ်နေကြမယ် … ။

In: ကဗျာ Posted By: Date: May 11, 2013
Comment #1

😛

commentinfo By: မေပျို at May 11, 2013
Comment #2

အလားလား
မိုက်တယ်ကွာ

commentinfo By: ei lay at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment