Professional Authors
ကြယ်
မိုးကောင်းကင် ဆုံးတဲ့ ညမှာ
ငါတို့ တွေ့ ကြမယ်ဆို..
နင်ပေးတဲ့ မျော်လင့်ချက်နဲ့ 
ငါတောက်ပနေလေရဲ့ ..
ဘာဖြစ်လာမယ်ဆိုတာကို
ငါတို့ အတူရှိနေတဲ့ အခိုက်အတန့် ..
ရင်ဘတ်တွေ နွေးထွေးပေးပါ
ငါကတော့ လောင်ကျွမ်းပြီးသားမို့ 
မထူးဆန်းတဲ့ ပုံမှန်တစ်ညတာအတွက်
အထူးတလယ် မကြေငြာခဲ့ တော့ဘူး
\”ကျနော်က  ကြယ်တစ်စင်းပါ\”
ချစ်သူအတွက်..တောက်ပဖို့ အသင့်ပါ
ချစ်သူအတွက်..လောင်ကျွမ်းပေးရင်းပေါ့
ဝေးစမ်းပါစေ..
ဘယ်လောက်ဝေးနိုင်မှာလဲ..
ငါတို့ ရင်ဘတ်ချင်းနီးနေရင်
ငါတို့ ဆုံကိုဆုံမှာပါ
တစ်နေ့ ပေါ့..
ကောင်းကင်အိပ်တဲ့ တစ်နေ့ 
ငါတို့ အချစ်တွေနဲ့ တောက်ပကြမယ်။  ။
\"\"
In: ကဗျာ Posted By: Date: Feb 19, 2012
Comment #1
ဝေးစမ်းပါစေ..
ဘယ်လောက်ဝေးနိုင်မှာလဲ..
ငါတို့ ရင်ဘတ်ချင်းနီးနေရင်
ငါတို့ ဆုံကိုဆုံမှာပါ၊ :DDDD
commentinfo By: kokhant at Feb 19, 2012
Comment #2
\”ကျနော်က ကြယ်တစ်စင်းပါ\”
ချစ်သူအတွက်..တောက်ပဖို့ အသင့်ပါ
ချစ်သူအတွက်..လောင်ကျွမ်းပေးရင်းပေါ့
commentinfo By: ကြယ်စစ်သည် at Feb 19, 2012
Comment #3
ဘာဖြစ်လာမယ်ဆိုတာကို
ငါတို့ ကြိုမမြင်ဘဲနေကြရအောင်လား
ငါတို့ အတူရှိနေတဲ့ အခိုက်အတန့် ..
ရင်ဘတ်တွေ နွေးထွေးပေးပါ
commentinfo By: Nge Lay at Feb 19, 2012
Comment #4
arr tway pyay twar p,,
chat chin nay kaung twar p,,
a hote,,,a hote,,
commentinfo By: ei lay at Feb 19, 2012
Comment #5
အားရှိလိုက်တာ….. အချစ်အင်အားတွေများလား
commentinfo By: moezat at Feb 19, 2012
Comment #6
ဝေးစမ်းပါစေ..
ဘယ်လောက်ဝေးနိုင်မှာလဲ..
ငါတို့ ရင်ဘတ်ချင်းနီးနေရင်
ငါတို့ ဆုံကိုဆုံမှာပါ
commentinfo By: kantkawmg at Feb 20, 2012
Comment #7
ကောင်းကင်အိပ်တဲ့ တစ်နေ့ 
ငါတို့ အချစ်တွေနဲ့ တောက်ပကြမယ်။ ။
မိုက်တယ်ဗျာ
commentinfo By: zawthetoo at Feb 20, 2012
Comment #8
!_!
!_!
!_!
commentinfo By: ei lay at Oct 14, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment