Professional Authors

မိုးနဲ့ အတူ

ရုတ်တရပ်နိုးထ မိုးညတွေထဲ
ည က အတောင်ကျိုးနေလေရဲ့ 
အဆက်မပြတ်တဲ့ မိုးနဲ့ အတူ
ငါ့ အလွမ်းတွေကိုထစ်ချုန်းရွာပစ်လိုက်တယ်
ရာသီမငြိသော ကာရံမသိသော ငါ့ အလွမ်းတွေ
ဒီမိုးစက်တွေအောက်  လမ်းလျှောက်ထွက်သွားကြလေပြီ
နင့် ဝဠာမှာ လျှပ်နွယ်လျှပ်ပန်းတို့ ကြီးစိုးစေတော့ 
ငါ့ အလွမ်းတွေကိုစေလိုက်တယ်
တိမ်ညိုတွေရယ် ……
ကောင်းကင်ပြာကို တစ်လှည့် နိုးထခွင့် ပေးလိုက်ပါနော်

In: ကဗျာ Posted By: Date: Aug 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment