Professional Authors

” လမ်းခွဲ Feeling “

ရွေးစရာများနေတယ်ဆိုရင်

ထားသာထားခဲ့လိုက်ပါ

ရင်ခုန်သံခန့်မှန်းခံရတဲ့ဘ၀က ဘယ်လောက်ထိ ခံရခက်တယ်ဆိုတာ

နင်တစ်နေ့တော့ ……..နားလည်လာလိမ့်မယ်….။

 

နေရစ်ခဲ့ဖို့ ဆုံးဖြတ်ပြီးပြီမို့

ဘယ်အလွမ်းကိုမှ မနူးညံ့စေလို….

တကယ်ဆို ရှင်သန်မှုနဲ့ နှလုံးသား…..နင့်ကြောင့် ခွဲခွဲခြားခြားသိခဲ့ရတာ ကြာပေါ့….။

 

မျှော်လင့်ချက်တွေ စွန့်လွှတ်မှု နိဒါန်းမှာ…..ဘယ်လောက်ပဲ ငိုခဲ့ရပါစေ….

နိဂုံးတစ်ခုကို အပြုံးတွေနဲ့ ဆင်မြန်းနိုင်ဖို့

အနာဂတ်ထဲမှာ…. ငါတို့ရဲ့သံယောဇဉ်တွေအကုန် အမှောင်ချထားမယ်…..။

 

ရှင်ကွဲတစ်ခုရဲ့ရာဇ၀င်ထဲ…..ငါ…. နယ်ရုပ်တစ်ရုပ်သာဖြစ်ခဲ့…..

ငါကပဲ ဥာဏ်ရည်နည်းပါးလွန်းခဲ့တာများလား….

ခုချိန်တွေထိ…..ရှုံးနိမ့်ခြင်းဖြစ်စဉ်တွေတိုင်း….. ငါ့အပြစ်လို့သာ ခံယူနေမိဆဲ…..။

 

ဝမ်းနည်းလို့ပဲ ငိုငို….

နာကျည်းလို့ပဲ ငိုငို….

ရှိုက်သံတို့ရဲ့ မြစ်ဖျားခံရာတွေအားလုံး နင့်တန်ခိုးတို့ကြောင့်ဖြစ်တည်ခဲ့ဖူးတာမို့

အခုဆို ငါ…..မျည်ရည်ရသတွေကို ကောင်းမွန်စွာ ကျေညက်နေခဲ့ပေါ့…..။

 

အတ္တတွေကို စွဲလန်းလွန်းခဲ့သူတွေမို့ထင်ပါရဲ့

နင်နဲ့ငါ လမ်းမခွဲခဲ့ဘဲ လမ်းတွေလွဲခဲ့ကြတယ်

ဆုံမှတ်တွေ ပြန်မရှာတော့ဘူး…..

ငါတို့၂ယောက်လုံး သီးသန့်ဆန်ဆန်ပျော်ရွှင်နေတတ်သားပဲ….။

 

ကံကောင်းပါစေ ချစ်သူ ရယ်

“ရင်ခုန်ဘက်သို့ တမ်းချင်း” တေးလည်း မသာယာလိုတော့တာမို့

အမှန်းမဲ့စွာ…..ငါတို့နှုတ်ဆက်ကြမယ်

ရင်ခုန်သံမှန်သမျှ 2012 September မှာ ထားခဲ့လိုက်ကြတာပေါ့…..။   

 

ကေသရီ

 

In: ကဗျာ Posted By: Date: May 10, 2013
Comment #1

ဝမ်းနည်းလို့ပဲ ငိုငို….

နာကျည်းလို့ပဲ ငိုငို….

ရှိုက်သံတို့ရဲ့ မြစ်ဖျားခံရာတွေအားလုံး နင့်တန်ခိုးတို့ကြောင့်ဖြစ်တည်ခဲ့ဖူးတာမို့

အခုဆို ငါ…..မျည်ရည်ရသတွေကို ကောင်းမွန်စွာ ကျေညက်နေခဲ့ပေါ့…..။

ငိုခဲ့ဖူးပါတယ် အမ … မလာတာကြာပြီနော် .. နောက်လည်း ဖတ်ချင်ပါတယ် .. အမရေးသမျှ အားလုံးကိုပါ

commentinfo By: maypyo22889 at May 11, 2013
Comment #2

ရှိုက်သံတို့ရဲ့ မြစ်ဖျားခံရာတွေအားလုံး နင့်တန်ခိုးတို့ကြောင့်ဖြစ်တည်ခဲ့ဖူးတာပါ………

commentinfo By: နွေ at May 11, 2013
Comment #3

ကျေးဇူးပါ ကေ့ကဗျာလေးကို အားပေးတဲ့အတွက်
မေပျိုရေ ကေ ဆောင်းပါးတိုလေးတွေ ပိုရေးဖြစ်နေလို့ပါ
ကေရေးသမျှ အားလုံးကို ဖတ်ချင်တဲ့ အတွက် အတိုင်းမသိဝမ်းသာပါတယ်ရှင် 🙂

commentinfo By: ကေသရီ at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment