Professional Authors

“ထာဝရ တစိမ်းသို့….”

“ထာဝရ တစိမ်းသို့….”

 ပြတ်စဲခဲ့ရခြင်း အကြောင်းအရင်းတွေက
ငါ့မာနကြောင့်လို့ နင် ဟစ်ကြွေးတဲ့အခါ
 ပြတ်သားနိုင်မှုတိုင်းက
 နင့် ဥပက္ခာတွေရဲ့ လမ်းညွှန်မှုကြောင့်ဆိုတာ နင် သတိရပေးပါ…..။

ဘယ်လိုပဲ အဓိပ္ပါယ်တွေ အမျိုးမျိုးနဲ့ စကားလမ်းတို့ နင် လွှဲနေပါစေ….
 အဖုအထစ်တိုင်းက ဘယ်သူ့ရဲ့ အပြစ်ကြောင့်လဲဆိုတာ
နင် မှတ်ဥာဏ်ကောင်းသေးရင်
ငါတို့ရဲ့ သက်တမ်းတလျှောက် ပြန်လည်ခြေရာကောက်လို့ရတယ်….
(အသက် ၀၀ ရှူ …..နင့်လိပ်ပြာတော့ နင် လုံပါစေပေါ့ဟာ…..)

မိုးမမြင် လေမမြင်…နင်မှနင် လွမ်းနေပေးခဲ့ဖူးတဲ့ငါ့ကို
 တခါက
အသုံးမ၀င်တဲ့ အရုပ်တစ်ခုလို နင် ချောင်ထိုး…အမှောင်ဖုံးလွှမ်းစေခဲ့
တကယ်မတရားခဲ့တာပဲနော်
နင့်ကို တမြတ်တနိုးချစ်ခဲ့လို့…..သူတို့….သူတို့တွေရဲ့ လှောင်ပြုံးတွေသက်သက်ပဲ ငါပြန်ရခဲ့တယ်….။

သစ္စာကို အစပြန်ဖော်လို့….
အတိတ်သို့ တစ်ဖက်လှည့်…..နင်က ဇာတ်ကြောင်းနွှေးတဲ့အခါ
အမှတ်တရတိုင်းကို ငါက မှတ်မိနေရုံသာသာ ခံစားတတ်ခဲ့….
အဲ့ဒီ့အတွက်……
ခွင့်လွှတ်ပေးခြင်းက သံယောဇဉ်တွေနဲ့ လုံးဝ ကွဲထွက်နေတယ်ဆိုတာ နင် သိဖို့ကောင်းတယ်….။

ငါ့ကို စွန့်ပစ်ခဲ့ဖို့ နင့်ဆန္ဒတွေအား
နင့်ကို လမ်းခွဲရင်း ငါက ဖြည့်ဆည်းပေးခဲ့တာမို့
နင့်အနာဂတ်ဆိုတာနဲ့လည်း ငါ ခပ်ကင်းကင်းဖြစ်ချင်ပါတယ်….
နင်မရှိတော့လည်း ငါ ကောင်းမွန်စွာ ရှင်သန်နေတတ်သားပဲ…..။

ရိုးသားစွာနဲ့…..အငြိုးမဲ့စွာ….
ငါ နင့်ကို မေ့ဖျောက်နိုင်မှာ သေချာလို့
နင်ဟာ ဘယ်လိုလူမျိုးပဲ ဖြစ်လာပါစေ
ဆုံးဖြတ်ချက်တစ်ခုအတွက် ငါ အမြဲဂုဏ်ယူနိုင်လိမ့်မယ်….
နင်နဲ့ငါ ……ထာဝရ တစိမ်းဆန်ဆန်…….နေထိုင်ရင်းနဲ့ပေါ့….။     ။

In: ကဗျာ Posted By: Date: May 6, 2013
Comment #1

စာသားကတော့ကြိုက်တယ်ကွာ

commentinfo By: lyinardo147 at May 6, 2013
Comment #2

ထာဝရသူစိမ်းတွေပဲ

commentinfo By: မေပျို at May 6, 2013
Comment #3

r larr larr.
🙁
strong so much.

commentinfo By: ei lay at May 7, 2013
Comment #4

အသက် ၀၀ ရှူ …..နင့်လိပ်ပြာတော့ နင် လုံပါစေပေါ့ဟာ…

commentinfo By: နွေ at May 7, 2013
Comment #5

မွန်း ကြပ် သွား တယ်.. ဖတ် ပြီး တဲ့ နောက်
…………….

ကျွန်တော် အားပေးနေမှာ ကေ …. (ကြိုက်လို့ ဗျို့ )

commentinfo By: အသဲကွဲမိုး at May 8, 2013
Comment #6

ကျေးဇူးမိုးရေ
ကေ လည်း ဒီကဗျာရေးနေတုန်း တော်တော် မွန်းကြပ်သွားတယ်….။

commentinfo By: ကေသရီ at May 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment