(ခင်ဗျားအတွက် ) ပျက်လုံး
အများပိုင်ထောင်တန်တစ်ရွက်အတွက် မူပိုင် ဆယ်တန် ကိုလွှင့်ပစ်ရက်တဲ့သူ
“အဆင်မသင့်လို့  ဖြစ်မှာပါ”
“အနေမတတ်လို့ ဖြစ်မှာပါ”
“မရည်ရွယ်ပဲတိုက်ဆိုင်တာ ပါ ” ရယ်လို့ 
အကြိမ်ကြိမ်အထပ်ထပ် ဖြည့်ဆွက် စဉ်းစားပေမယ့်
ခင်ဗျား အတွက်(ကျွန်တော့်) အချစ်တွေက ကာတွန်းပုံ လေးတွေလည်း မဟုတ်ခဲ့ဘူးလေ။
သ၀န်တို သ၀န်ကြောင်ခြင်းဟာလူနှစ်ဦးကို ကွဲ ခြား စေ တတ် အဖြစ် လို့ ဆိုခဲ့ရင်
ဘယ်လို အကြောင်းအရာမျိုး နဲ့ မှ ဒီလိုအဖြစ်ကို အသက်မသွင်း သင့်ဘူးဆိုတာရော
ခင်ဗျား မေ့လျော့ခဲ့လေ သလား???
ကျွန်တော်ဟာအညတရ ပါ
ဒါပေမယ့် ခင်ဗျားအတွက် မို့ 
အထူး တလည်လင်းလက်
ဓူ ၀ံ ကြယ် တောင် လက်မနှေး ခူးဆွတ်ပြ ၀ံ့သူလည်း ဖြစ်ခဲ့ရဲ့
အသားဆိုင်အသွေး ခဲများနှင့် တည်ဆောက်ဖွဲ့စည်းထားသော်လည်း
သစ်တစ်ပင်အလားခင်ဗျား အနား
အလွမ်းများကိုရာသီ အလိုက် ဖူးပွင့် ခြွေ ချ ၀ံ့ သူလည်း ဖြစ်ခဲ့ရဲ့
ဆယ်နှစ်ရာသီအပြုံး ပန်ဆင် အသုံးပြုလို့ 
လူရွှင်တော်တမျှရယ်စရာဟာသများကို ဖန် ဆင်း ပေးသူလည်း ဖြစ်ခဲ့ရဲ့
(ဒါနဲ့တောင်)
ဘာလို့  များTV Screen ဖန်သားပြင်ထက်
အများအတွက် အသုံးတော်ခံ အမျိုးသမီးအတွက်
ကျွန်တော့် ရင် ကို(ခဏခဏ) တက် တက် နင်းနေရ သတဲ့ လဲ???
အားပေး နှစ်သက်မှုအကြောင်းအထိုက်အလျောက် သိထား ပေမယ့်
စိတ်နှစ်တမ်းတ မှု က တော့ ချစ်ရသူအတွက် သာ ဖြစ်သင့်ကောင်းရဲ့
ကလေးစကား- ကလေးအတွေး
ကလေးအရေး- ကလေးတေး နဲ့
ငို ပြ ခဲ့သူ ဆိုရင်လည်း
ကလေးတစ်ယောက်လိုသဘောထား (ခင်ဗျား) ရင်ကို အပိုင်ပေး ပျော်ပိုက်စေလိုက်ပေါ့
ခုတော့
…………..
ခင်ဗျား ရက်စက်မှုတွေဆိုကျွန်တော့် လက်က မရေးတတ်ခဲ့တာကိုလည်း ခင်ဗျားအသိ
ခင်ဗျားပဲရှိတဲ့ ဒီအမိုက်အမဲ နှလုံးသား အပေါ် စာနာ သနား ပေးမယ် ဆို
အဲဒီ ဝေဒနာ
စာသား စကားလုံးနဲ့ မျှ အရိပ် မသန်း ပါ နဲ့ လား..
ကျွန်တော်
ခင်ဗျား နဲ့ ပတ်သက်ရင် သည်းအူပြတ် သ၀န်တိုလွန်းလို့ ပါ
(အဲဒီအတွက်ရှေ့ နောက် ကွယ် ရာ မရွေး ကျယ်လောင်စွာ ဟားတိုက် ရယ်မောပစ်နိုင်ပါတယ် )
2013 .5.6 – 11း00 am (သ၀န်တိုတတ်လွန်းတဲ့ ကျွန်တော့်လို ကောင်မလေးတွေအတွက် ရေးလိုက်တာပါ ကလေးဆန်ပါတယ်)
Comment #2
မမိုး အရင်တိုင်းပဲကောင်းတယ်။ပျက်လုံးသာဆိုတဲ့ငါ့အမရာ…ရင်ထဲကိုတော့တကယ်ေ၇ာက်တယ်။
By: poem.poem28 at May 6, 2013
Comment #3
ကလေးဆန်ဆန်နှင့်ကို ချစ်စရာကောင်းတယ် အမရေ ..
အားပေးနေပါတယ်
By: မေပျို at May 6, 2013
Comment #4
😛
Same feeling with me.
i m so disappointed to myself.
🙁
i m jealous coz i love so much.
i m jealous coz i m afraid of losing.
i m jealous coz i have no chance to stay beside him.
That jealousy always made me cry.
By: ei lay at May 7, 2013
Comment #5
ကလေးစကား- ကလေးအတွေး
ကလေးအရေး- ကလေးတေး နဲ့
ငို ပြ ခဲ့သူ ဆိုရင်လည်း
ကလေးတစ်ယောက်လိုသဘောထား (ခင်ဗျား) ရင်ကို အပိုင်ပေး ပျော်ပိုက်စေလိုက်ပေါ့
ခုတော့
…………..
အားပေးသွားပါသည်။
By: နွေ at May 7, 2013
Comment #6
ကျေးဇူးများကြီးတင်တယ်ခင်ဗျ…
အားဆေးလေးတွေ ကို တကယ် ..ကျေးဇူးပါ
By: အသဲကွဲမိုး at May 8, 2013
Comment #7
ခင်ဗျား နဲ့ ပတ်သက်ရင် သည်းအူပြတ် သ၀န်တိုလွန်းလို့ ပါ
ကြိုက်သွားပီ 🙂
By: ကေသရီ at May 10, 2013




Comment #1
ကဗျာမုန်တိုင်းလာတိုက်သွားပြီပေါ့….ကျွန်တော်တော့ ဘေးသင့်သွားတယ်မမိုး