Professional Authors

ချစ်တယ်ဆိုတာ

ချစ်တယ်ဆိုတာ
မာယာမပါခဲ့ပါဘူး
အတွေ့ထူးမှာရစ်မော
သောသောလှိုက်ထန်
ရင်ခုန်သံမြန်ခဲ့တာမို့
မယုံဘူးလို့မပြောပါနဲ့
အသည်းခြွှေမယ့်အချက်တွေ…..။

ချစ်တယ်ဆိုတာ
ညာတာမပါခဲ့ပါဘူး
အချစ်ဆူးရယ်ဆူးကာမှ
အပြစ်တူးကာအမျက်ဝင်
မေ့သခင်မျက်ရယ်ကူး
အချစ်ရူးမို့မပြောသာခဲ့
အမြဲကြွေမယ့်မျက်ရည်….။

In: ကဗျာ Posted By: Date: May 3, 2013
Comment #1

အင်း အချစ်ကြီးချစ်မှတော့ အရူးကြီးရူးရမယ်ထင်
ကောင်းတယ် ညီမလေးကဗျာလေးတွေ

commentinfo By: မေပျို at May 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment