Professional Authors

ဗေဒါလမ်း (၃၃) – မင့်စေနာ (ဇော်ဂျီ)

အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
အောက်တစ်ခွင် ပင်လယ်ဝမှာ ဒီကျလျှင်တဲ့။

အသာအသာ
ဗေဒါမှုန်နွဲ့ငဲ့၊ စုန်ခဲ့ပါတဲ့
ဒီချောင်းမြေညနေအေး၊ လေသွေးရင်တဲ့။

အိုအချင်း ကျူရိုးရှင်။
ကျရေမှာ ပြေပြေဆင်း မင်းစုန်စေ့ချင်
တောင်လေလဲသွေးစေချင်၊ ချောင်းတစ်ခွင် မြစ်တန်း။
မင့်စေနာ မယ့်မှာပန်း၊ လှိုင်းကြက်ခွပ်လမ်း။

ဇော်ဂျီ

Comment #1

ဗေဒါလမ်းကဗျာတွေကို အစအဆုံး အရမ်းကို ကြိုက်ပါတယ်။

commentinfo By: Lavender at Aug 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment