Professional Authors

စတင်ခြင်း

အမှန်တရားဆိုတာအပြန်အသွားရှိပေမယ့်
နည်းနည်းတော့အမြန်မသွားတာခက်တယ်ဗျာ
ပြန်မသွားကြပါနဲ့ မကြာခင်အလှတရားတွေဆိုက်ရောက်တော့ပါမယ်
အပြောင်းအလဲကာလထဲမှာ ခေါင်းတွဲတွေသာချိန်းချိန်းနေခဲ့
လိုအပ်ရင်တတွဲလုံးချိန်းရပါမယ် ကျွန်တော်အပါအ၀င်ပေါ့
မျှော်တလင့်လင့်နဲ့ ကျွန်တော်တို့နေတောင်တော်တော်တောင်မြင့်လာခဲ့ရပေါ့
တော်သင့်သလိုပဲရှင်သန်နေခဲ့ရတာ ဘယ်လောက်တောင်ရှိခဲ့ပါပြီလဲ
ကဲ…..ကဲ…..အသင့်ပြင်ကြရအောင်ဗျာ ….. အပြစ်မြင်နေတော့လည်း
ထူးမှမထူးတာ ….. အသစ်ထွင်မယ့် ငါတို့ရဲ့လမ်း ငါတို့ပဲစမ်းကြရအောင်
တစ်တပ်တစ်အားဆိုပေမယ့် ပြတ်သားဖို့လိုတယ်မောင်
တို့တတွေစလိုက်ကြရအောင် ။                             ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment