Professional Authors

နှုတ်ဆက်ကြပါစို့ 

ကြယ်စင်ထက်လင်းလက်ခဲ့တယ်
ချစ်သူ့ ဆံနွယ်တွေယိမ်းကမှုမှာ
အလိုက်တသိကခုန်ပေးခဲ့တယ်
ခုတော့မင်းရက်ဆက်တဲ့
ကောင်းကင်အောက်မှာ ငါတို့ 
နှုတ်ဆက်ကြပါစို့ …..

မင်းနှုတ်ခမ်းပါးရဲ့သံစဉ်အချို့မှာ
ငါရယ်မောခဲ့တယ်….
အခန့် မသင့်တဲ့အခါ
ငါ ငိုကြွေးခဲ့တယ်….
ခုတော့ ငါ့ရင်ဘတ်ငါပြန်မမုန်းခင်
ငါတို့ နှုတ်ဆက်ကြပါစို့ …

မင်းငါ့ကိုချစ်ခဲ့တယ်…
ဒါပေမယ့်အဆုံးသတ်ကို
ငါ ရေးဆွဲခွင့်မရှိခဲ့ဘူး
ကြယ်တစ်ပွင့်မြေပြင်နဲ့ မတိုက်မိခင်
ငါ့ကိုယ်ငါဖေးမရင်း ငါတို့
နှုတ်ဆက်ကြပါစို့ …

ဟုတ်တယ် ချစ်သူရေ..
အိမ်ပြန်လမ်းတွေမိုးမချုပ်ခင်
ငါတို့ နှုတ်ဆက်ကြပါစို့ ကွယ်…

ရဲဝင့်အောင်( ရင်ဝှက်ဆူး )

In: ကဗျာ Posted By: Date: Sep 13, 2011
Comment #1

good bye,,,,

commentinfo By: ei lay at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment