Professional Authors

အမှောင်၏ စာမျက်နှာ

                    အမှောင်၏ စာမျက်နှာ

မြင်တက်ကတည်းကကြည့်မိတာ
မြင်မိတာတွေ တကယ်ရှိလို့ လား
တကယ်မသိလို့  မြင်မိတာလား
အစွန်းနှစ်ဘက်ရှိချိန်
ငါကအလယ်မှာ တရွေ့ ရွေ့ 
နားခိုမိတဲ့ သစ်ပင်တွေ
ပြန်တွေ့ တော့လည်း
နေ၀င်ချိန်အမှောင်ကိုတမ်းတနေ
ဘာကိုမျှော်နေလဲသိတယ်
ငါဖတ်မိတဲ့  စာမျက်နှာ
အမှောင်ဆိုတာ အလင်းထက်သာသူ
အမှောင်ဆိုတာ ပေးဆပ်သူ
မြင်တက်ကတည်းက ကြည့်မိတာ
မြင်မိတာတွေ တကယ်ရှိပါစေ…..
မြင်မိတာတွေ တကယ်သိပါစေ…။     ။

                                                      မင်းအိမ်

In: ကဗျာ Posted By: Date: May 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment