Professional Authors

သူခိုးကို ဓားရိုးကမ်းသော မိန်းမနှင့် အတူနေထိုင်ခြင်း

တစ်ဖက်ပါ အကြောင်းအရာများနှင့်
ငါတို့ဟာ ကျောက်သားလို့ ထုဆစ်ခံရ
ကျမ်းစာတွေနဲ့ ဆွဲစိခံရ
ငါ့လူမျိုး ငါ့ဘာသာဆိုပြီး
ငါ့အနာနဲ့ ဆွဲညှိနေရ
အဲဒီလို
ကိုယ်ယုံကြည်တာ မယုံရဲအောင်
တစ်ဖက်ပါ အကြောင်းအရာတွေနဲ့ ခြိမ်းခြောက်ခံရ
သိုးမည်းတစ်ကောင်တော့ပါမှာပဲနဲ့
စုန်းပြူးတွေ အကိုက်ခံရ
ငါတို့ ရင်ဘတ်တည့်တည့် ထုချလိုက်တဲ့ တံဆိပ်မှာ
အပြစ်အနာအဆာ ကင်းပါရဲ့လား
ဟောဒီ ငါတို့သောက်နေတဲ့ရေတွေ
မြစ်ဖျားက ခပ်လိုက်တဲ့ အဆိပ်ပါနေမလား
ခပ်ပေါ့ပေါ့တွေးပြီး ခပ်ပေါ့ပေါ့ပဲရေးလိုက်တဲ့
ဟောဒီကဗျာကပဲ ငါ့ရင်ထဲလေးလံပိကျ
နောက်ဘဝသွားရမယ့် လိပ်စာကလည်း
သို့ ယမမင်းဆိုပြီးတော့ ….။

In: ကဗျာ Posted By: Date: Apr 23, 2013
Comment #1

Phat shu arr pay twar par de.

commentinfo By: ei lay at Apr 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment