Professional Authors

ကဗျာနဲ့ မိန်းမ

ညတွေကို
အိပ်ပြစ်ရမှာနှမြောသတဲ့
ကဗျာထဲက မိန်းမရဲ့အလှက
ရုန်းကြွလာတယ်
ငါက  ကဗျာဆရာမဟုတ်ဘူး
ငါကိုယ်တိုင် ကဗျာတစ်ပုဒ်ပါ
ငါ့ကိုဖတ်ကြည့်ပေါ့
ငါ့ကိုခံစားကြည့်ပေါ့
ကဗျာထဲက မိန်းမက ရယ်တယ်
အပြင်ကမိန်းမက  ကဗျာ မဖတ်ဘူး
အဲလောက်   အချိန်မပေးနိုင်ဘူး
ငါ့ကဗျာက ခေတ်မမီတာမဟုတ်ဘူး
အဲဒီမိန်းမကခေတ်နောက်ကျတာ
သူက   ခေတ်မီချင်ယောင်ဆောင်ဖို့
(သနားစရာ)
ခေတ်နောက်ကိုအသည်းအသန်လိုက်နေရရှာ…
နောက်ဆုးံပေါ်ပစ္စည်းတပ်ဆင်ဖို့လောက်
ကဗျာဖတ်ရမှာကို
သေမလောက်ကြောက်တယ်

ကဗျာအပြင်ကမိန်းမလေ
သူဖတ်ဖို့ဆိုပြီး
ငါ ကဗျာမရေးတတ်ဘူး
ဒီရည်ရွယ်ချက်ကြီးနဲ့
ငါကိုယ်တိုင် ကဗျာတစ်ပုဒ်ဖြစ်အောင် ဖန်ဆင်းထားတာ
အဲဒါတောင်
အဲဒီ   အပြင်က ငတုန်းမက
ငါ့ကဗျာမဖတ်ဘူး
ဖတ်ကြည့်ဖို့လဲစိတ်မ၀င်စားဘူး     ။

ဥာဏသစ်
25  8  10
am 12:15

In: ကဗျာ Posted By: Date: Sep 10, 2010
Comment #1

အသည်းနှလုံးမရှိလိုဖြစ်မှာပါ.. ခံစားချက်ရှိ အသည်းနှလုံးရှိတဲ့  လူသားတိုင်း ခံစားတတ်ကြပါတယ်..

commentinfo By: Winnie at Sep 10, 2010
Comment #2

ခက်တယ်ဗျာ… ဒီလိုကိစ္စကို ဆွေးနွေးရမှာ…
Winnie ပြောသလိုပဲ…
ခင်ဗျားက.. အဲလိုမိန်းမနဲ့မှ တွေ့ခဲ့ရတာကိုး….
ကျွန်တော့် အထင်ပေါ့နော်…
လောကကြီးမှာ.. သဟဇာတ ဖြစ်ဖို့ဆိုရင်…
သူများကိုကြည့် နားလည်လိုက်ရောပေးနေရုံနဲ့ မဖြစ်ဘူးဗျ…
တစ်ဘက်ကလဲ.. အပြန်အလှန် တုံ့ပြန်မှုရှိမှ ရတာဗျ…
အသက်အရွယ်အရ … ကိုယ်တိုင်သိမြင်ခံစားပြီးမှ ရလာခဲ့တာပါ…

commentinfo By: sorrower.kl at Sep 10, 2010
Comment #3

ဟုတ်တယ် သူငယ်ချင်းပြောတာမှန်တယ်။ အပြန်အလှန်တုံ့ ပြန်မူမရှိလို့ ပါ။။ ဝင်နီ တို့ လည်း ဒီလိုပါပဲ ကိုယ်နဲ့  လုံးဝစရိုက်မတူတဲ့ လူနဲ့ တွေ့ ခဲ့ ရတော့ .. အသွင်တူမှ ပေါင်းလို့ ရတာပါ သူငယ်ချင်းရေ… အသွင်တူတဲ့ လူကို အချိန်တန်ရင်တွေ့ နိုင်မှာပါ၊။။ ကိုယ်သူ့ ကိုရှာနေသလို သူလည်းကိုယ့် ကိုရှာနေမှာပါ။။ ကိုယ့် အပေါ် သံယောဇဉ်မရှိ၊ ကိုယ့် ခံစားမူကိုနားမလည်နိုင်တဲ့ လူကို အစွဲလမ်းမထားတာအကောင်းဆုံးလို့ ပဲထင်ပါတယ်။။ ဝင်နီတို့ တုံးကလည်း ဒီလိုပြောရင်စိတ်မကောင်းဖြစ်မိပါတယ်…ဒါပေမယ့် အချိန်တန်ရင်နားလည်နိုင်မှာပါ.. Best of all ;))

commentinfo By: Winnie at Sep 11, 2010
Comment #4

ဒါပေါ့ဗျာ…
Eng Saying လေး တစ်ခုလိုပေါ့..
**You are just the right man for the right bride**

ကျွန်တော့် ခံယူချက်ပေါ့နော်…

**လောကကြီးက ငြိမ်းချမ်းပါတယ်
ဘ၀ဟာ သာယာပါတယ်..
ဒုက္ခတွေဆိုတာ
အဲဒီကာလနှစ်ခု အကူးအပြောင်းရဲ့
အခိုက်အတန့် ကာလလေးပါ..၊**

သူငယ်ချင်းလဲ .. ဒီလို နှလုံးသားထဲက စစ်မှန်တဲ့ အနုပညာတွေ..
ဆထက်တံပိုး ဖန်တီးနိုင်ပါစေ ဗျာ…။ All the best..

လင်းလင်း

commentinfo By: sorrower.kl at Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment