“ ကွက်လပ်ထဲက နေ့ ”
ပုံမှန်အတိုင်း နိုးထတဲ့ မနက်
ကြက်ဖကြီးရဲ့ အော်သံမဲ့
ပဲပြုတ်သည်အော်သံ မကြား
ကျွန်တော် …
တခုခုတော့ မှားနေပြီ
တချိန်က ကျွန်တော်ပြုခဲ့ အမှန်တရား
အခုတော့ မှားနေတယ်
တချိန်က ကျွန်တော်ထင်တဲ့ အမှား
အခု မှန်နေပြန်ရော
ပြောကြပါ …
အမှန် အမှားဆိုတာ ဘာလဲ
အပြင်က ကျွန်တော့်ကို
မှန်ထဲက ကျွန်တော်က ခေါင်းခါပြတယ်
…. … …
ကျွန်တော် ခေါင်းညိမ့်မိသလား မသိဘူး
အိပ်မက်တွေ မရှိတော့ .. …
အဖြေမထွက်မှ မှားတာ မဟုတ်ပါဘူး
မှားတဲ့ အဖြေတွေလည်း အများကြီးပါ
ပန်းချီတချပ်ကို ခင်ဗျားတို့ ဆွဲပါ
ဘောင်ခတ်ထားလည်း ..
ကျွန်တော် လက်ခုပ်တီးမှာ ဖြစ်သလို
ဘောင်မခတ်ထားလည်း
ကျွန်တော် လက်ခုပ်တီးပေးဦးမှာပါပဲ
အမည်နာမတွေ မြေကြီးမှာချပြီး
ကျွန်တော်တို့ လမ်းလျှောက်ရအောင်
ပန်းတိုင်ရောက်ရောက် မရောက်ရောက်
အတူတွဲလျှောက်မယ်လို့ ခင်ဗျား ကတိပေး
ဖြည့်ခဲ့ရတဲ့ ကွက်လပ်တွေများတော့
ရှေ့ဆက် ဘာဖြည့်ရမှန်းတောင် မသိတော့ဘူး
ကျေးဇူးပြု၍
ဘဲလ်တီးလိုက်ပါ
ဒဿနတွေကို ခင်ဗျားဖတ်ပါ
ပြီးရင် ဘောလ်ပင် တချောင်းယူ
အလိုတူတူ မတူတူ
အမှန်ခြစ် ပေးလိုက်ပါ
နောက်ဆုံးတော့ မှားတာက
ကိုယ်တိုင်ပဲ ဖြစ်နေလို့
ချီရွန် ( ပုလဲ )
Comment #2
(အမည်နာမတွေ မြေကြီးမှာချပြီး
ကျွန်တော်တို့ လမ်းလျှောက်ရအောင်
ပန်းတိုင်ရောက်ရောက် မရောက်ရောက်
အတူတွဲလျှောက်မယ်လို့ ခင်ဗျား ကတိပေး)
ဒိနေရာလေးဖြတ်ယူသွားတယ်နော်.ကြိုက်လို့နော်။။။။။။။။။။။။။။။။။။။။။။။။
By: happywin at May 16, 2010
Comment #3
happywinးပြောသလိုပဲ
By: Cho at Aug 15, 2010
Comment #4
Good
By: Han paing oo at Sep 17, 2011
Comment #5
ကိုချီရွန် ဝလုံးရေးရင်တောင် ကြိုက်မိမယ်ထင်တယ်…
သူရေးတဲ့ ဝလုံးက ကဗျာဆန်ပြီး အဓိပ္ပါယ်ရှိချင်ရှိနေမှာ…
By: sainobermaung at Mar 11, 2013




Comment #1
မေးခွန်းများ … မေးခွန်းများ.. လိုပဲ ဒီကဗျာကိုလည်း ကြိုက်တယ်.. (: