Professional Authors

နှစ်ဦး သဘောတူ

” နှစ်ဦး သဘောတူ “

 

ဒီနေ့ …..

အဖြူရောင်ချင်း မိတ်ဆက်တယ်

ရင်ဘတ်ချင်း ဝတ်မှုံကူးတယ်

ငါတို့ စာလုံးတွေ မီးတောက်ဖို့ ချစ်ကြစို့

 

ဒီနေ့ ….

အတိတ်ကိုလည်း သိပ်ထားတယ်

လေးစားမှုကို ကိုးကွယ်တယ်

ခင်ဗျားဟာ အချိုမြဆုံး ပဒိုင်းသီးတစ်လုံးဖြစ်ရဲ့

 

ဒီနေ့ ………

ဟိုတောင်ထိပ်ကို တက်ကြမယ်

ကျွန်တော့်လက်ကို ကြိုးချည်တယ်

လရောင်ခူးတဲ့ လက်နှစ်ဖက် ဖြစ်ကြစို့

 

ဒီနေ့ …….

တောင်စွယ်မှာ နေကွယ်မယ်

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ကိုစောင့်မယ်

ရင်ခုန်သံကို ခေါစာပစ်စို့

 

ဒီနေ့ ……..

ငါတို့ အတူတူ ရှင်သန်မယ်

ငါတို့အတူတူ ချုပ်ငြိမ်းမယ်

လောကကို ဟားတိုက်ရယ်ကြစို့

 

ဒီနေ့ …..

နားလည်မှုကို ကျောခိုင်းမယ်

ဖယောင်းတိုင်ကို ရေစိမ်မယ်

ဖိနပ်လဲစီးပြီး ဆက်လျှောက်ကြစို့ …………

 

ChIr0N Vs  Limited Person

In: ကဗျာ Posted By: Date: Dec 15, 2012
Comment #1

Kaung tarr be naw.
😛

commentinfo By: ei lay at Dec 15, 2012
Comment #2

အတူတူဆိုတော့ အားရှိတာပေါ့ရှင့်

commentinfo By: မေပျို at Dec 15, 2012
Comment #3

ဒီနေ့ …..

နားလည်မှုကို ကျောခိုင်းမယ်

ဖယောင်းတိုင်ကို ရေစိမ်မယ်

ဖိနပ်လဲစီးပြီး ဆက်လျှောက်ကြစို့ …………

commentinfo By: mayviolet at Dec 15, 2012
Comment #4

ဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါ၏။

commentinfo By: ChIr0N at Dec 15, 2012
Comment #5

အကို့ ကဗျာတွေ ပြောလွန်းအားကြီးလို့ ဖတ်ကြည့်တာ တကယ်ကိုကောင်းပါတယ် ဘယ်လိုများ ခံစားပြီး ရေးထားပါလိမ့်ဗျာ

commentinfo By: ap at Mar 12, 2013
Comment #6

go ahead & never regret under any circumstances.
🙂

commentinfo By: ei lay at Mar 12, 2013
Comment #7

ဘယ်လိုရေးတာလည်းဆိုတော့ ဒီလိုပဲ စိတ်ထဲရှိတာ ရေးတာပါပဲ။ ကျေးဇူးပါ တကူးတက လာဖတ်ပေးလို့။

commentinfo By: ChIr0N at Mar 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment