Professional Authors

ဒီသတင်းကိုကြားရင် ငါ ဖျားတယ်

သူမ ဆိုတာ ငါ့အတွက်တော့ အစိမ်းရောင်
အေးမြ တဲ့အစိမ်းရောင်
ရက်စက်တဲ့ အစိမ်းရောင်
အရာအားလုံးရဲ့ အစိမ်းရောင်
ဒီလိုနဲ့ ငါဟာ ဒုက္ခိတ ဖြစ်ခဲ့တယ် ။

မိုးမရွာတဲ့ မေလ
နာကျင်ခဲ့တဲ့ အချိန်ရာသီမှာ
သုည ယောင်ဆောင်ရတာ သိပ်ပင်ပန်းတယ်
အပြင်းဆုံး အရက်တစ်ခွက် နဲ့
ငါ့ခေါင်းကိုသာ ခပ်ပြင်းပြင်း ရိုက်လိုက်တော့ ။

သူမ . . . .
အခုတော့ ဒီလောကထဲ မရှိတော့
သူ့ကိုကြင်နာတဲ့ လူတစ်ယောက်အတွက်
အကောင်းဆုံး ဒဏ်ရာတွေ ပေးသွားတယ် ။

ဟုတ်တယ်
မိုးရိပ် မိုးသားတွေ မြင်ရင်
တစ်ခြားကမ္ဘာ ကတောင် အငြိုးကြီးနိုင်တဲ့ နင်
ကျေးဇူးပြုပြီး မငိုလိုက်ပါနဲ့ ။

နင်ရိုက်ခဲ့တဲ့ ပါးတစ်ဖက်ထက်
နင့်မျက်ရည် တွေက
ငါ့ရင် ကို ဓားနဲ့ မွှန်းတယ် ။ ။

In: ကဗျာ Posted By: Date: May 12, 2010
Comment #1

ရင်ကိုထိစေ တဲ့ကဗျာလေးပါ
ခံစားချက်ချင်း တိုက်ဆိုင်တယ်……..
နောက်ဆုံးစာပိုဒ် ကပိထိတယ်………

commentinfo By: poemmoelay at Jun 15, 2010
Comment #2

မိုးမရွာတဲ့ မေလ
နာကျင်ခဲ့တဲ့ အချိန်ရာသီမှာ
သုည ယောင်ဆောင်ရတာ သိပ်ပင်ပန်းတယ်
အပြင်းဆုံး အရက်တစ်ခွက် နဲ့
ငါ့ခေါင်းကိုသာ ခပ်ပြင်းပြင်း ရိုက်လိုက်တော့ ။
သူ. . . .
အခုတော့ ဒီလောကထဲ မရှိတော့
သူ့ကိုကြင်နာတဲ့ လူတစ်ယောက်အတွက်
အကောင်းဆုံး ဒဏ်ရာတွေ ပေးသွားတယ် ။

ဟုတ်တယ်
မိုးရိပ် မိုးသားတွေ မြင်ရင်
တစ်ခြားကမ္ဘာ ကတောင် အငြိုးကြီးနိုင်တဲ့ နင်
ကျေးဇူးပြုပြီး မငိုလိုက်ပါနဲ့ ။

…………………………………..
…………………………………….
ြိကိုက်တယ်

commentinfo By: အသဲကွဲမိုး at Jan 20, 2011
Comment #3

ကောင်းလိုက်တဲ့ ကဗျာ

commentinfo By: jqy at Apr 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment