Professional Authors

တခါက ကဗျာ

 

“ပြန်လာမယ်”တဲ့လား

ဒီစကားကို ယုံစားပြီး…ငါတစ်ယောက်တည်း ရှင်သန်နေလိုက်တာ

နွေဥသြရဲ့ အလွမ်းသံတွေတောင်…. ၄ ကြိမ်မြောက်ဖြစ်ခဲ့ပြီ…..။

“မပစ်ပယ်ခဲ့ပါစေနဲ့” လို့ ဆုတွေတောင်းနေရင်း

အထီးကျန်သူ ဖြစ်မှန်းမသိ ဖြစ်လာခဲ့တဲ့ငါ….

မသိစိတ်ထဲမှာတော့…. နင်ရှိနေခြင်းကို များစွာမက ကျေနပ်နေမိလေရဲ့….။

ဆုံတွေ့ဖြစ်မယ့်နေ့စွဲတွေကို

နှလုံးသားနဲ့ အခါခါမှန်း…..

နင်ပေးတဲ့ မျှော်လင့်ခြင်းတွေထဲမှာ ပျော်ဝင်လွယ်နေရတာကိုက ငါ့သဘာဝတစ်ခုလိုဖြစ်နေပြီ…။

ရိုးရာမပျက်ပါဘဲ

ငါနဲ့တွေ့တိုင်း နင့်အကြောင်းတွေ မေးမြဲမေးနေဆဲ လူတချို့ကို

အပြုံးတုတွေနဲ့သာ ခေါင်းတို့ခါရမ်းပြဖြစ်ခဲ့…….။

ဘယ်သူကရော သနားမှာတဲ့လဲ…..???

နင့်ပုံပြင်တွေ သိသိရက်နဲ့ ရူးရူးမိုက်မိုက် ချစ်ခဲ့ဖူးတဲ့ ငါ့ကို….။

နင့်အစွန်အဖျားသံယောဇဉ်ကများ

ငါ့ဘက် ယောင်မှားလှည့်လာလေမလားရယ်လို့

ဝေေ၀၀ါးဝါး တမ်းတကြည့်မိတဲ့အခါ

ခုထိ message box ထဲမှာ ရှင်းလင်းနေဆဲဖြစ်နေတဲ့အကြောင်းအရာက

ငါ့မျက်ရည်တွေကို ပိုးပိုးပေါက်ပေါက်ကျလွယ်စေဆဲပဲ……။  

ဘယ်လိုအရာတွေပဲ ရင်ဆိုင်နေရပါစေ…..

အမှန်တရားတွေ ခါးနေသည့်တိုင်အောင်

မုသားဆန်ဆန်အိပ်မက်တွေနဲ့ ဖြေသိမ့်နေတတ်တာမို့……

မမေ့ရက်ပါနဲ့ကွယ်

အလှမ်းသင့်မယ့်နေ့တွေ ဘယ်လောက်ဝေးဝေး

စောင့်ဆိုင်းနေမြဲသူကိုတော့

တစ်နေ့နေ့မှာ အငိုတိတ်စေသင့်တယ်….။

ကေသရီ

In: ကဗျာ Posted By: Date: Apr 12, 2013
Comment #1

နင့်အစွန်အဖျားသံယောဇဉ်ကများ
ငါ့ဘက် ယောင်မှားလှည့်လာလေမလားရယ်လို့
ဝေေ၀၀ါးဝါး တမ်းတကြည့်မိတဲ့အခါ
ခုထိ message box ထဲမှာ ရှင်းလင်းနေဆဲဖြစ်နေတဲ့အကြောင်းအရာက
ငါ့မျက်ရည်တွေကို ပိုးပိုးပေါက်ပေါက်ကျလွယ်စေဆဲပဲ……။

commentinfo By: maypyo22889 at Apr 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment