Professional Authors

ခဲ့….

ဟန်မဆောင်နိုင်တဲ့ ရင်ခွင်တစ်ခုပါ..

ဘာကြောင့် သတိရနေမှန်း မသိခဲ့..

ဘာကြောင့်လဲဆိုတာ

မပြောတက်ခဲ့..မပြောဖြစ်ခဲ့..

ဒဏ်ရာတွေ မသိအောင် မြှပ်နှံခဲ့..

တစ်ယောက်ထဲ

ထီးထီကြီး ရပ်နေခဲ့..

သူသိအောင်လဲ..သူမသိအောင်လဲ

ဆန္ဒတွေ လွန်ဆွဲစေခဲ့..

ဖြေးဖြေးလေး..တိတ်တိတ်ကလေး

ခြေသံလုံလုံနဲ့

လေကွယ်ရာက လျောက်နေခဲ့..

ရလဒ် တစ်ခုရဲ့ နေညို ဆည်းဆာကို

ခေါင်းပန်းမလှန်ရဲခဲ့..

အလွမ်းရဲ့ ညတွေကို နံပါတ်စဉ်

တပ်ပေးခဲ့..

ငါ့ကိုငါ နားမလည်ခဲ့..

ငါ ရေငုံ နှုတ်ပိတ်လို့ နေခဲ့..

အိုကွယ်..တမ်းတခြင်းတွေ

အနောက်ဘက် အရပ်ဆီ

တရွေ့ရွေ့ နိမ့်ဆင်းနေခဲ့..

ငါလမ်းပျောက်နေခဲ့..

In: ကဗျာ Posted By: Date: Nov 6, 2011
Comment #1

အားပေးသွားသည်

Comment #2

nice

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment