Professional Authors

မပြောဖြစ်ခဲ့မိဘူး တိတ်တခိုးကြိတ်ပိုးခဲ့ရသူကို

“မလွမ်းဘူးလား?” လို့
မေးချင်မိတယ်

မမေးဖြစ်ခဲ့ပါဘူး

“မလွမ်းပါဘူး” လို့

ဖြေလာမှာ ကြောက်လို့ပါ..

“လွမ်းတယ်” လို့

ပြောချင်မိတယ်

မပြောဖြစ်ခဲ့ပါဘူး

မင်း လှောင်ရယ်မှာစိုးလို့ပါ..

“ချစ်လား?” လို့

မေးချင်မိတယ်

မမေးဖြစ်ခဲ့ပါဘူး

“ဘာလို့မေးတာလဲ?” ဆိုတဲ့

မေးခွန်းကို ငါ ရင်မဆိုင်ချင်လို့

“ချစ်တယ်” လို့

ပြောချင်မိတယ်

မပြောဖြစ်ခဲ့ပါဘူး

“ဘယ်လောက်ချစ်လဲ?” ဆိုတဲ့

မေးခွန်းကို ငါ မဖြေနိုင်လို့ပါ..

“သွားတော့မယ်” တဲ့

မကြားချင်မိပါဘူး

ကြားနေရတယ်

မင်း ကျောခိုင်းသွားတာ မခံစားနိုင်လို့ပါ..

“မသွားပါနဲ့” လို့

တား ချင်မိတယ်

မတား ဖြစ်ခဲ့ပါဘူး

မာန လေးတော့ ရှိသေးတာ

မင်းသိစေချင်လို့ပါ..

အဆုံးသတ်မှာ..

မမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေနဲ့

မပြောဖြစ်ခဲ့တဲ့ စကားလေးတွေ

ရင်မှာ သိုဝှက်ရင်း

ငိုရှိုက်နေတဲ့ ရင်ခွင် နဲ့အတူ

မျှော်လင့်နေမယ်

မင်း ပြန်လည် နားခိုလာချိန်လေး ကိုပေါ့

In: ကဗျာ Posted By: Date: Jan 27, 2012
Comment #1

ha,,ha,,,
r ma nar tan wai phan like ong me,,
sate soe ne naw,,
poemghost ka koh kou ko po p chit de ,,,selfish phyit de,,
koh chit thu ko da ke chit de so yin mar na so tar lone wa ma shi tint bu,,
1 yout ne 1 yout pwint pwint lin lin yoe yoe tar tar pe phyit tint de,,
ei lay htin tar ka dot poemghost ka ma chit tat tay bu,,thu ko le da ke ma chit tay bu,,

commentinfo By: ei lay at Jan 27, 2012
Comment #2

င်းသိစေချင်လို့ပါ..

အဆုံးသတ်မှာ..

မမေးဖြစ်ခဲ့တဲ့ မေးခွန်းတွေနဲ့

မပြောဖြစ်ခဲ့တဲ့ စကားလေးတွေ

ရင်မှာ သိုဝှက်ရင်း

ငိုရှိုက်နေတဲ့ ရင်ခွင် နဲ့အတူ

မျှော်လင့်နေမယ်

မင်း ပြန်လည် နားခိုလာချိန်လေး ကိုပေါ့

commentinfo By: May Kha at Jan 27, 2012
Comment #3

ငိုရှိုက်နေတဲ့ ရင်ခွင် နဲ့အတူ

မျှော်လင့်နေမယ်

မင်း ပြန်လည် နားခိုလာချိန်လေး ကိုပေါ့
….

commentinfo By: poem.poem28 at Jan 27, 2012
Comment #4

ကောင်းသောကဗျာလေးပါ
ကျွန်တော် အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 27, 2012
Comment #5

အိလေး ရေ
ပြောချင်တိုင်း ဖွင့်ပြောလို့ရတဲ့ ဘ၀က ယောက်င်္ကျားလေးဆိုကောင်းတယ်
မြန်မာမိန်းကလေးဖြစ်တဲ့ငါက အဲ့လိုပြောလိုက်ရင် ..
တစ်ကယ်မချစ်ဘူးချစ်တယ်ဆိုတာ အိလေးပြောသလို .. ရင်ထဲမွန်းကျပ်လို့ ရေးထားတဲ့ စာလေးကို ဖတ်ပြီးသိနိုင်မတဲ့လား

commentinfo By: poemghost at Feb 14, 2012
Comment #6

why not?
try it,
believe me,
do it now.

commentinfo By: ei lay at Feb 14, 2012
Comment #7

poem 1 poat phyit phoe be lout khet khe de so tar lu tine ti de,,
poem 1 poat hmar khan sar chat tway be lout shi de so tar lu tine ti de,,
yin hte hmar,,hna lone tar hmar,,sate hte hmar,,be lout taung mon kyat lun loh poem yae htar de so tar lu tine ti de,,
koh kou ko yone kyi par naw,,
thu a paw hmar phyit nay de koh ye myit tar ko le yone kyi par,,
sate ma nyit ne dot naw,,

commentinfo By: ei lay at Feb 14, 2012
Comment #8

So Poor :'(

commentinfo By: နွေ at Aug 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment