Professional Authors

အရှက်

ငါတို့ကို
စကားလုံးတွေအလျားလိုက် စီပြမနေပါနဲ့

ငါတို့ကို
မရှည်ရှည်အောင် မခက်ခက်အောင်အားထုတ်ပြမနေပါနဲ့

ငါတို့ကို
အစဉ်အလာ သဒ္ဒါတွေချိုးဖောက်ပြမနေပါနဲ့

ငါတို့ကို
ခေါင်းစဉ်အရှည်ကြီးတွေ ထပ်တလဲလဲတပ်ပြမနေပါနဲ့

ငါတို့ကို
ညစ်ညမ်းစကားလုံးတွေတွင်တွင်သုံးပြမနေပါနဲ့

ငါတို့ကို
ဒါကဗျာလို့ လက်ညှိုးငေါက်ငေါက်ထိုးပြမနေပါနဲ့

မင်းဘယ်လောက် ရိုးသားလဲ
မင်းဘယ်လောက်လုပ်ကြံထားလဲ
မင်းကဗျာ
ဟောင်းလောင်းပေါက်တွေအများကြီး

ဘာတစ်ခုမှဖုံးထားလို့မရ
အားလုံးမြင်ရတယ်
………………………………
………………………………
………………………………

အရှက်ကို လုံအောင်ဖုံးပါကွယ်၊၊ ၊၊

In: ကဗျာ Posted By: Date: Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment