Professional Authors

လာတောင်းလှည့်ပါ မယ့်အိမ်မှာ

ရွာကသာအေး
အထာလေးနဲ့ 
ကဗျာရေး
မကြည်စိန်ကိုပေး … ။

မငြင်းရက်ပါမောင်ကြီးရယ်
မောင်တစ်ထမ်း မယ်တစ်ရွက်ပါကွယ်
ကြင်နာမယ်ဆို လက်တစ်စုံကမ်း
မယ်လှမ်းလို့ မျှော်နေမယ် … ။

ကျုပ်ရင်ထဲကအချစ်တွေဟာ
ထန်းလျက်ခဲလိုချိုပါတယ်
ကြာဖြူတစ်ပွင့်လို ဖြူစင်ပါတဲ့  မိန်းမပျိုရယ်
ကြယ်တစ်ပွင့်လိုပဲ ဆင်းသက်ခဲ့ပါကွယ် … ။

အချစ်ကိုပင်ရှေ့ မထားဘဲ
မိဘကိုပဲလုပ်ကျွေးမယ်
မောင်တို့ တွေဟာ မျက်နှာများတယ်
မယ့်အသဲခွဲလိမ့်မယ် … ။

သစ္စာရေတွေအကြိမ်ကြိမ်သောက်လို့ 
အရက်သေစာရှောင်ရှားပါ့မယ်
မယ်တစ်ခွန်းဆို မောင်ခေါင်းငြိမ့်လို့ 
ကြီးတော်ကိုလည်းစောင့်ရှောက်မယ်
ရင်ခွင်တံခါးကိုမောင့်အတွက်ထားလို့ 
အစဉ်အမြဲဖွင့်ဟလို ကြိုပါကွယ် … ။

တို့ တောရွာရဲ့  ဓလေ့အတိုင်းပဲ
ရပ်မိရပ်ဖစုံတဲ့အခါ
မယ်နေတဲ့အိမ်မှာ
လာတောင်းလှည့်ပါ … ။

In: ကဗျာ Posted By: Date: Apr 10, 2013
Comment #1

🙂

commentinfo By: ei lay at Apr 11, 2013
Comment #2

လာမယ် လာမယ်

commentinfo By: မေပျို at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment