Professional Authors

အိမ်လွမ်းသူ

ရေသန့်ဗူးထဲကရေလို
အငွေ့ပျံမရ စီးဆင်းမရနဲ့
အဖုံးကို ဖွင့်ကန်ထွက်ဖို့
အားအင်တချို့လောက်လိုချင်တယ်….

စိတ်ခရီးမှာဈာန်ယာဉ်စီးပေမယ့်
ခြေတစ်လှမ်းမျှ မရွှေ့နိုင်တဲ့ကောင်
ချစ်သူမှီနွဲ့ဖို့ ဟော့သည့်ပုခုံးဖျားတွေ
ချန်ထားခဲ့ ကြာလွန်းလို့
မှိုတွေတောင် သောင်ထွန်းလုပြီ…………

အမေ့ခြံဝန်းက
နှင်းဆီခင်းနဲ့ စံပယ်ရုံ
သည်အချိန်အပွင့်စုံလောက်ပြီ
ပန်ချင်သူဆီဆက်သပေးဖို့
ငါ့လက်တို့ အချုပ်ကျနေဆဲ………..

သည်တခါနွေရောက်ရင်တော့
မုရိုးပွင့်လေလွင့်သလိုပေါ့ပေါ့ပါးပါး
ဆောက်လက်စဘုံနန်းတွေ ခဏနားပြီး
နှလုံးသားကိုလေကောင်းလေသန့်နဲ့ဆေးကြောဖို့
အမေ့ယာတောကိုပြန်ဦးမယ်……………….

In: ကဗျာ Posted By: Date: Apr 2, 2013
Comment #1

Phat shu khan sarr arr pay twar par de.

commentinfo By: ei lay at Apr 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment