Professional Authors
အရက်ဆိုင်
သက် သက်ရပ်ရပ် ဓနိ မိုးလေးနဲ့ 
အရက်ကောင်းကောင်းတွေ မရပါဘူး..
ဘီးအီး စစ်တယ် ရမ် ၀ီစကီ အပေါ စား ရမယ်..
သော်တာဆွေ လာတယ် သုမောင် လာတယ်
နီကိုရဲ လာတယ် အကြည်တော် လာတယ်…
စကားလုံးတွေ နဲ့ မြည်းလို့ ရမယ်..
လက် ဖက် အသားရမယ်..ပဲစောင်း ခါးသီး သုပ်ရမယ်..
ဘဲခေါင်းသုပ်ရမယ် ၀က်ခေါင်းသုပ်ရမယ်..
ထွေလီ ကာလီ အမြည်းစုံတယ်..
အစ တစ်ခွက်သာ အနံ့  အရသာဆိုးမယ်..
နောက်ခွက်တွေ ခွက်တွေ က အရသာ ယဉ်တယ်..
ခွက်တိုင်းမှာ အချစ်ဦးက ပြုံးပြမယ်
လစ်ပို ကရင်ဆိုဒါ ကိုလ်လာ ..ရေခဲ နဲ့  ရော မယ်..
ဆိုင်ကြီး ကနားကြီးတွေ လို အလှ မွေးငါးကန် မထားဘူး..
ပန်ချီကားတွေ မချိတ်ဘူး..ရုပ်ထုတွေ မရှိဘူး..
မော်ဒယ်တွေ ပုံ အစုံ ကပ်ထားတယ်..
အကြွေး မရောင်းပါ ကို အလှချိတ်ဆွဲ ထားတယ်..
ငွေ အသပြာ များများ မလိုဘူး..
လာ ..မိတ်ဆွေ ..၀င် ပြီး အပန်းဖြေ သွားပါ(လုလင်ငယ်သွေး)
In: ကဗျာ Posted By: Date: Aug 3, 2011
Comment #1
သောက်တော့မသောက်ချင်ဘူး
လာလည်ချင်တယ်။
စကားပြောတာတွေနားထောင်ချင်တာ
commentinfo By: jenny at Aug 3, 2011
Comment #2
အဲဒါ မှန်တယ်.. အဲအချိန်ပြောတဲ့စကားတွေက တန်ဖိုး ကြီးတယ်
Comment #3
အဲဆိုင်ကဘယ်နားမှာလည်းမုန်းလေးလည်းလာခဲ့ချင်လို့လေရမလား
ကို(လုလင်ငယ်သွေး)
commentinfo By: mr.key28393 at Aug 3, 2011
Comment #4
ဆိုင်နေရာတော့ မသိဘူးဗျ… သန်လျင်ဘက်မှာတော့ အဲလိုဆိုင်ရှိတယ်…လာခဲ့လေ
Comment #5
ဟဲဟဲ..ကျော်ငှာများလာလို့ဝင်ကြည့်ခဲ့တယ်.. အရက်ဆိုတော့ပြေးပြီး….
commentinfo By: songmoezin at Aug 3, 2011
Comment #6
လာလည်ချင်တယ်သိလားအမြည်းစားရင်နဲ့လေ
သူတို့ပြောတဲ့စကားတွေကိုနားဆင်ရင်းပေါ့
နေရာကောင်းလေးကိုညွှန်ပြပေးတဲ့(ကိုလုလင်ငယ်သွေး)
အများကြီးအောင်မြင်ပါစေနော်
commentinfo By: thay thit su.mdy at Aug 3, 2011
Comment #7
့အေ့…လာဖတ်..ရင်း..အေ့……သောက်သွားတယ်…အေ့……..
မူး….နေတယ်…အေ့….
စာပေစကားဝိုင်းတွေအရမ်းနှစ်သက်တယ်…အေ့…..အေ့…
commentinfo By: အသဲကွဲမိုး at Aug 3, 2011
Comment #8
ကျေးဇူး…
Comment #9
he,,he,,,
so funny af reading comments.
commentinfo By: eilay at Aug 4, 2011
Comment #10
မိုက်တယ်ကွာ..ငါလဲ အဲဆိုင်ကို ရောက်အောင်သွားဦးမှ..
commentinfo By: ဖိုးနမ်း at Aug 4, 2011
Comment #11
လာခဲ့ဗျာ ကိုဖိုးနမ်း အတွက် ချန်ထားတယ် တပိုင်း နဲ့ အမြည်းကောင်းကောင်းလေး
Comment #12
အို..
နာလည်းလာချင်တယ်…
လိပ်စာလေးတော့ချန်ထားလေ….
commentinfo By: sharon myorr myor at Sep 23, 2011
Comment #13
ဆိုင်လိပ်စာပေးရင်ကောင်းမယ်နော်။ ကြေငြာပြီးသားဖြစ်တာပေါ့
ဝီစကီ တော့ကြိုက်တယ်။နောက်နေ့ အားရင်လာအားပေးမယ်လေ။
commentinfo By: မိုးကြိုး at Sep 23, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment