အကောင်းအဆိုး နှစ်တန်
သဏ္ဍာန်မဲ့တဲ့ ပြယုဂ်နှစ်ခုကြားက
အကောင်းအဆိုး ခွဲခြားခြင်းဟာ
တိုင်းပြည်ကြီးထဲ စီးဆင်းသွားတာမဟုတ်ဘူး
ပြည်နယ်တွေထဲ စီးဆင်းသွားတာမဟုတ်ဘူး
တိုင်းခရိုင်တွေထဲ ဖြတ်သန်းစီးဆင်းသွားတာမဟုတ်ဘူး
နိုင်ငံရေးတွေထဲ စီးဆင်းသွားတာမဟုတ်ဘူး
ပါတီတွေထဲ ဖြတ်သန်းသွားတာမဟုတ်ဘူး
စီးပွားရေးတွေထဲကို ဖြတ်သန်းသွားတာ မဟုတ်ဘူး
အဲဒီအကောင်းအဆိုး နှစ်တန်ခွဲခြားဟာ
ပြည်သူတွေထဲ ဖြတ်သန်းစီးဆင်းသွားတာပါ။
တကယ်တမ်း….
ခံစားချက်တွေ အိတ်သွန်ဖာမှောက်ပြီး
အကောင်းအဆိုး ရလာဒ်နှစ်တန်ကို
သူတို့နားလည် သဘောပေါက်လို့
ဖီဆန်ခြင်းမရှိသော အသိတရားတွေနဲ့
နားလည်မှုအပြည့် မေတ္တာဖြည့်ရင်း
ပြည်သူ့ရင်ခွင်ကို ကြည့်လှည့်ပါလို့
မေတ္တာစာလေး ပါးလိုက်ချင်ပါတယ်
ပြည်သူ့တရားရှင် သမာဓိခုံတော်ရယ်..။
တက္ကသိုလ်မြတ်မင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
ပည်သူ့ရင်ခွင်ကို ကြည့်လှည့်ပါလို့
မေတ္တာစာလေး ပါးလိုက်ချင်ပါတယ်
ပြည်သူ့တရားရှင် သမာဓိခုံတော်ရယ်..။