Professional Authors

သို့…

ငါ လွမ်းနေမိတယ်။

 

နင်နဲ့အတူ

ရှိခဲ့ဖူးသော ညနေခင်းများ…

နင်နဲ့အတူ

လျှောက်ခဲ့ဖူးသော ဒီကမ်းနားလမ်း…

နင်နဲ့အတူ

ကုန်ဆုံးခဲ့ဖူးသော ငါ့ဘ၀ရဲ့ တစိတ်တပိုင်း…။

 

တကယ်တော့

အလွမ်းဆိုတာ

ဖွင့်ဟပြောမှ လွမ်းတာ မဟုတ်ပါဘူး။

လွမ်းနေမိသူမို့

နင့်ရှေ့မှာ ဒူးထောက်

ဖွဲ့ဖွဲ့နွဲ့နွဲ့ ကြွေ ပြမိမှာမဟုတ်ပါဘူး။

လွမ်းနေမိသူမို့

ကဗျာ တွေ စာတွေဖွဲ့

နင်သိအောင် နေပြမိမှာမဟုတ်ဘူး။

ငါလည်း ငါ့အတ္တနဲ့ငါ

နင်လည်း နင့် အတိတ်နဲ့ နင်

နင်ရှိနေခဲ့သော

ငါရပ်နေခဲ့သော

နေရာတွေ ဝေးနေခဲ့လို့လေ။

 

နင်မမြင်နိုင်တဲ့ငါ့အလွမ်း

အသိအမှတ်ပြုပေးစရာမလိုပါဘူး။

ဒီကဗျာ ရေးနေမိတာ

လွမ်းနေမိရုံသက်သက်မို့ပါ။

 

MOON (6 March 2013) 10:30am

In: ကဗျာ Posted By: Date: Mar 17, 2013
Comment #1

လွမ်းနေတယ်…တကယ်လွမ်းသွားတယ်( real definition of အလွမ်း)

commentinfo By: bone lay htet lwint at Mar 17, 2013
Comment #2

နင်မမြင်နိုင်တဲ့ငါ့အလွမ်း

အသိအမှတ်ပြုပေးစရာမလိုပါဘူး။

ဒီကဗျာ ရေးနေမိတာ

လွမ်းနေမိရုံသက်သက်မို့ပါ။ Good! I like.

commentinfo By: moezat at Mar 17, 2013
Comment #3

misssss so much

commentinfo By: ei lay at Mar 17, 2013
Comment #4

Nice shoot..:)

commentinfo By: oo.CoBrA at Mar 18, 2013
Comment #5

I miss u 😀

r pay twr tal Byo !

commentinfo By: loafer at Mar 19, 2013
Comment #6

lwan dar ka lwan tar be,
be thu hma lar ma dar ne,
he,,he,,

commentinfo By: ei lay at Mar 19, 2013
Comment #7

ကျေးဇူးပါ .. အားပေးသွားတဲ့ သူတွေအားလုံးကို..

commentinfo By: Titan at Mar 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment