Professional Authors

နင်မရှိပေမယ့် နင်ရှိတုန်းကထက် ငါပျော်ပါတယ်

မျက်ရည်တချို့ကျဆင်းနေတဲ့ ငါ့အတိတ်
တဖြည်းဖြည်း မှေးမှိန်လာခဲ့
ရယ်သံတချို့နဲ့ ဖြည့်စွက်နေဆဲ
ဘာပဲဖြစ်ဖြစ် ဒဏ်ရာ အတော်အသင့် ကျက်လောက်ပြီ……။

စိတ်လွတ်ကိုယ်လွတ် ပျော်ပါး
အချုပ်အနှောင်တစ်ခု လျော့နည်းသွားပြီ
ဘယ်လို အကြောင်းကြောင့်
ဘယ်သူနဲ့ပါဆိုတဲ့ အခါခါရှင်းပြရခြင်း
ငါ့ ပါးစပ်ဖျားမှာ ပျောက်ရှနေတာ ကာလတွေ ကြာနေခဲ့….။

တယ်လီဖုန်းသံတွေ တိတ်ဆိတ်လို့
အမှတ်တရတွေ ခြောက်ကပ်
အရင်က ဒီလိုအချိန်ဆို
ငါ့ရင်ခုန်သံတို့ စိုးရိမ်ကြီးစွာ ပူပန်ရဖူးတယ်….။

မမေ့ပါနဲ့ အကြိမ်ကြိမ်မှာကြား
အချစ်တွေ မြဲ…ငါတို့မခွဲရအောင်
ငါ ကြိုးစားနေခဲ့……..
ဒါပေမယ့် နင် အစီအစဉ်စွဲ
ခုဆို နင်လည်း……..
………တူညီတဲ့လူနဲ့ ပျော်စရာတွေ ဆက်နေလောက်ပါပြီ….။

သံယောဇဉ်ကို ပိုးလိုမွေး
သစ္စာတရားကို အသက်လိုထိန်းခဲ့တဲ့ငါ…..
အဲဒီ့အချိန်တွေက
နင်မကြိုက်တဲ့ ဘယ်အရာကိုမှ
စိတ်နဲ့တောင် မဖောက်ပြားမိခဲ့
အချိန်တွေကြာတော့လည်း……
နင် ကောက်ချက်ချ သွားပါတယ်….
ဒါက…..မုသားသက်သက်ပါတဲ့…..။

တလွဲတွေတွေး….တယူသန်အမေးတွေနဲ့
နင် ညှင်းဆဲခဲ့တဲ့
အတိတ်က ငါ……..
ခဏခဏ ဒီလောကက လွတ်မြောက်သွားဖို့ စီရင်ခဲ့မိတယ်…။

နင်နဲ့ငါ……
နာမ်စားတွေခြားနားရုံသာမက
ခံစားချက်ပါ အချိုးမတူတော့တဲ့အခါ
နင် ငါ့အနားက ထွက်သွားခဲ့တယ်….။
အရင်က ရူးသွပ်ခဲ့
အထီးကျန်ခဲ့
ငိုကြွေးခဲ့….စိတ်ဆင်းရဲခဲ့ဖူးသော……..အရာရာတိုင်းအတွက်
လွတ်မြောက်ခြင်းတွေနဲ့သာ…..
ငါ အမြဲ…..ရေရွတ်နေမိခဲ့….
နင် မရှိပေမယ့်
နင်ရှိတုန်းကထက်……ငါပျော်ပါတယ်….။    ။

အလွမ်း(ကေသရီ)


In: ကဗျာ Posted By: Date: Sep 25, 2011
Comment #1

တယောက်ထဲကအကောင်းဆုံးပါပဲဗျာ..(ကျွန်တော့်အတွေးသက်သက်ပါ..ကျွန်တော် ကိုယ်တိုင်လည်းမလုပ်နိုင်သေးပါဘူး)………
…………..
ကဗျာလေးကောင်းတယ်…အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #2

အထီးကျန်ခဲ့
ငိုကြွေးခဲ့….စိတ်ဆင်းရဲခဲ့ဖူးသော……..အရာရာတိုင်းအတွက်
လွတ်မြောက်ခြင်းတွေနဲ့သာ…..
ငါ အမြဲ…..ရေရွတ်နေမိခဲ့….
နင် မရှိပေမယ့်
နင်ရှိတုန်းကထက်……ငါပျော်ပါတယ်….။ ။
ဒီလိုလည်းဖြစ်သင့်တာပါပဲ
အာပေးသွားပါတယ်…

commentinfo By: PC at Sep 25, 2011
Comment #3

ခံစားချက်ပါ အချိုးမတူတော့တဲ့အa
နင် ငါ့အနားက ထွက်သွားခဲ့တယ်….။
အရင်က ရူးသွပ်ခဲ့
အထီးကျန်ခဲ့
ငိုကြွေးခဲ့….စိတ်ဆင်းရဲခဲ့ဖူးသော……..အရာရာတိုင်းအတွက်
လွတ်မြောက်ခြင်းတွေနဲ့သာ…..
ငါ အမြဲ…..ရေရွတ်နေမိခဲ့….
နင် မရှိပေမယ့်
နင်ရှိတုန်းကထက်……ငါပျော်ပါတယ်….။ ။

commentinfo By: blackrose at Sep 26, 2011
Comment #4

သံယောဇဉ်ကို ပိုးလိုမွေး
သစ္စာတရားကို အသက်လိုထိန်းခဲ့တဲ့ငါ…..
အဲဒီ့အချိန်တွေက
နင်မကြိုက်တဲ့ ဘယ်အရာကိုမှ
စိတ်နဲ့တောင် မဖောက်ပြားမိခဲ့
အချိန်တွေကြာတော့လည်း……
နင် ကောက်ချက်ချ သွားပါတယ်….
ဒါက…..မုသားသက်သက်ပါတဲ့…..။

Comment #5

နင်နဲ့ငါ……
နာမ်စားတွေခြားနားရုံသာမက
ခံစားချက်ပါ အချိုးမတူတော့တဲ့အခါ
နင် ငါ့အနားက ထွက်သွားခဲ့တယ်….။

commentinfo By: jenny at Sep 26, 2011
Comment #6

နင် မရှိပေမယ့်
နင်ရှိတုန်းကထက်……ငါပျော်ပါတယ်….။ ။…….

နင် မရှိပေမယ့်
နင်ရှိတုန်းကထက်……ငါပျော်ပါတယ်….။ ။

အခေါက်ခေါက်အခါခါရေရွတ်မိသွားပါကြောင်း……….
ကဗျာလေးကောင်းတယ်…..ဖတ်နေရင်းပတ်ဝန်းကျင်တွေငြိမ်သက်သွားသလိုပဲ
အားပေးသွားပါတယ်….။

commentinfo By: terry at Sep 26, 2011
Comment #7

တယ်လီဖုန်းသံတွေ တိတ်ဆိတ်လို့
အမှတ်တရတွေ ခြောက်ကပ်
အရင်က ဒီလိုအချိန်ဆို
ငါ့ရင်ခုန်သံတို့ စိုးရိမ်ကြီးစွာ ပူပန်ရဖူးတယ်….
ကြုံဖူးတယ် …အရမ်းကောင်းတဲ့ ကဗျာလေးပဲ

commentinfo By: sharon myorr myor at Sep 26, 2011
Comment #8

ကောင်းပါတယ်ဗျာ…..ကျွန်တော်အရမ်းကြိုက်တဲ့ ကဗျာမျိုးပါ….

commentinfo By: reinminn at Sep 26, 2011
Comment #9

ကောင်းတယ် ကြိုက်တယ်

commentinfo By: ridd at Sep 27, 2011
Comment #10

ခုဆို နင်လည်း……..
………တူညီတဲ့လူနဲ့ ပျော်စရာတွေ ဆက်နေလောက်ပါပြီ….။
အားပေးသွားပါတယ်။အလွမ်းးးးးးးး

commentinfo By: poem.poem28 at Sep 27, 2011
Comment #11

နင် မရှိပေမယ့်
နင်ရှိတုန်းကထက်……ငါပျော်ပါတယ်….။ ။

commentinfo By: မ at Sep 28, 2011
Comment #12

အလွမ်းရေ…
နင်မရှိပေမယ့်  နင်ရှိနေတာထက်တော့ 
ပျော်နေတယ် ဆိုတာ………..
နင် မသိဘူး နော်………..
ကျေးဇူး….

commentinfo By: kyawnewun at Sep 28, 2011
Comment #13

kyawnewun ရေ သူ သိတယ်ဗျ……
အဲလိုနေနိုင်တာကို တအံ့တသြနဲ့ပေါ့….
ကဗျာလေးကို အားပေးတဲ့ သယ်ရင်းတွေအားလုံး လွမ်း က ကျေးဇူးပါ။။။။။။

commentinfo By: အလွမ်း at Sep 29, 2011
Comment #14

nin ma shi pay me nin ngar a nar hmar shi de so de yone kyi chat ne ngar a tet seet nay ke tar nin hma ma ti dar.
ti aung pyaw phoe le ngar ko a kwint yae ma pay bu.

commentinfo By: ei lay at Oct 28, 2011
Comment #15

ကြိုက်လို့  fb မှာ Share like p nor……….

commentinfo By: gg at Aug 1, 2012
Comment #16

i don’t think so.
😛
😛
😛
cos different feeling with me,

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment