Professional Authors

နင်…ကျေနပ်တယ်မဟုတ်လား?

ငါ(တို့) မက်ခဲ့တဲ့ အိမ်မက်ကို  ပြန်မက်မယ်ဆို
အတိတ်တွေက လင်းနိုင်ပေမယ့်
(နင့်)အနာဂါတ်လေး မှေးမှိန်သွားမှာပေါ့
ငါ… မလုပ်ရက်သူလေ။

ဖြူစင်စွာ ချစ်ခဲ့မိတဲ့ ငါ့ ချစ်ခြင်းမှာ
အရောင်များစွာ စွန်းပေခဲ့ဖူးတော့
နာကျင်မှူ.. စော်ကားမှူဆိုတာ ငါ နဲ့ အရင်းနှီးဆုံးဖြစ်လာခဲ့ပြီးပြီလေ။

(နင့်) အနာဂါတ်မှာ
ငါ ……………..
အရောင်မစွန်းစေချင်ဘူး
နင် သတ်မှတ်လိုက်တဲ့ အနာဂါတ်ကို
ငါ ……………….
တန်ဖိုးထားသင့်တယ်

နင်လည်း ဒီလိုပဲ
နောင်တ တဝက်နဲ့
သိခဲ့ရတဲ့ *တန်ဖိုး* အပေါ် တန်ဖိုးထားသင့်တယ်
ဒို့ ၂ ယောက်က ချစ်သူ မဖြစ်သင့်ပဲ ဖြစ်ခဲ့သူတွေပါဟယ်
ဒီအတွက် ငါ … နင် ဆိုတဲ့သူကို *မေ့ပစ်* လိုက်ပြီ။

အဖြေ ၁ ခုပေးဆို
ငါ့ ဖြူစင်တဲ့ချစ်ခြင်းကို ဆေးဆိုးခဲ့တဲ့နင်
နင့်ကိုယ်နင် ထပ် ဆေးမဆိုးမိစေဖို့ဆို
နင် … ကျေနပ်တယ်မဟုတ်လား?

(၄-၅-၂ဝ၁၁)

In: ကဗျာ Posted By: Date: May 4, 2011
Comment #1

နင်လည်း ဒီလိုပဲ
နောင်တ တဝက်နဲ့
သိခဲ့ရတဲ့ *တန်ဖိုး* အပေါ် တန်ဖိုးထားသင့်တယ်
ဒို့ ၂ ယောက်က ချစ်သူ မဖြစ်သင့်ပဲ ဖြစ်ခဲ့သူတွေပါဟယ်
ဒီအတွက် ငါ … နင် ဆိုတဲ့သူကို *မေ့ပစ်* လိုက်ပြီ။
ကောင်းတယ် ပန်းအိရေ……..။အားပေးနေပါတယ်။

commentinfo By: ကေသရီ at May 5, 2011
Comment #2

ငါ(တို့) မက်ခဲ့တဲ့ အိမ်မက်ကို ပြန်မက်မယ်ဆို
အတိတ်တွေက လင်းနိုင်ပေမယ့်
(နင့်)အနာဂါတ်လေး မှေးမှိန်သွားမှာပေါ့
ငါ… မလုပ်ရက်သူလေ။

ဖြူစင်စွာ ချစ်ခဲ့မိတဲ့ ငါ့ ချစ်ခြင်းမှာ
အရောင်များစွာ စွန်းပေခဲ့ဖူးတော့
နာကျင်မှူ.. စော်ကားမှူဆိုတာ ငါ နဲ့ အရင်းနှီးဆုံးဖြစ်လာခဲ့ပြီးပြီလေ။

(နင့်) အနာဂါတ်မှာ
ငါ ……………..
အရောင်မစွန်းစေချင်ဘူး
နင် သတ်မှတ်လိုက်တဲ့ အနာဂါတ်ကို
ငါ ……………….
တန်ဖိုးထားသင့်တယ်

နင်လည်း ဒီလိုပဲ
နောင်တ တဝက်နဲ့
သိခဲ့ရတဲ့ *တန်ဖိုး* အပေါ် တန်ဖိုးထားသင့်တယ်
ဒို့ ၂ ယောက်က ချစ်သူ မဖြစ်သင့်ပဲ ဖြစ်ခဲ့သူတွေပါဟယ်
ဒီအတွက် ငါ … နင် ဆိုတဲ့သူကို *မေ့ပစ်* လိုက်ပြီ။

အဖြေ ၁ ခုပေးဆို
ငါ့ ဖြူစင်တဲ့ချစ်ခြင်းကို ဆေးဆိုးခဲ့တဲ့နင်
နင့်ကိုယ်နင် ထပ် ဆေးမဆိုးမိစေဖို့ဆို
နင် … ကျေနပ်တယ်မဟုတ်လား?။။။။။။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #3

he,,he,,
tate p nar ma le bu phyit nay de..

commentinfo By: ei lay at Feb 3, 2012
Comment #4

ဟဟ..ထပ်ဖတ်….အိလေး 😛

commentinfo By: pannei at Feb 4, 2012
Comment #5

5 khout shi nay p,,,he,,he,,
a khu ta khar 2 khout phat de,,dar le nar ma le tay bu,,he,,he,,
sate ma soe par ne naw,,
ei lay ma nyar chin loh,,
7 khout phat le ti bu dot

commentinfo By: ei lay at Feb 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment