Professional Authors

ဝါလိုက်ပါ့မိုး (အမည်မသိ)

ခုတလော စင်္ကာပူမှာ မိုး တော်တော်ကောင်းနေတယ်။ ရေ တော်တော်ပါတာပဲ။

တိုက်ဆိုင်တာကတော့ ‘မိုးကြီး(လေကြီး)’ ကလည်း မနေ့က သုံးလေးပုဒ် တင်လိုက်တာကို တွေ့လိုက်တယ်လေ။ ဒီတော့ ကျွန်တော်တို့ငယ်ငယ်က ဆိုခဲ့ဘူးတာလေး သွားသတိရတယ်။ ဒါကတော့ တနင်္သာရီဘက်ကလို့ ထင်တယ်။ မှားတယ်ဆိုလဲ သိတဲ့သူ ပြောပြကြပါ။ ဘေးကကွင်းတွေမှာ သိတဲ့ အဓိပ္ပါယ်လေးတွေပါ ရေးပေးလိုက်တယ်။

မိုးမဝါဘဲ ကြာလေပြီ
မိုးကီးလေကီး လာလေပြီ               (မိုးကီးလေကီး = မိုးကြီးလေကြီး)
မိုး မိုး ဝါလိုက်ပါတော့မိုး။

အီမိုးခေါင် မြှောန်း ထောန်ရအောန်               (အီမိုးခေါင် မြှောန်း ထောန်ရအောန် = ဤမိုးခေါင် မြှုံးထောင်ရအောင်)
မိုး မိုး ဝါလိုက်ပါတော့မိုး။

ပိတော့ပန်မှာ မီးတကလယ်               (ပိတော့ပန်မှာ မီးတကလယ်= ပိတောက်ပင်မှာ မီးတကျည်)
သတ်ပါလေ မိုးမင်းကီး။               (သတ်ပါ = ဆင်းပါ)

မိုးထိအောန် လေကားထောန်               (လေကား = လှေကား)
မထောန်နိုင်ဘဲ ခေတွဲလဲ               (ခေ = ခြေ = ခြေထောက်)
အာလော့ကလီး မိုးမင်းကီး။               (ကလီး = ကျီး = ကျီးကန်း)

မိုး မိုး ကြိုးပါလေ               (‘ကြိုး’ နဲ့ ‘ရွှေကိုင်းမိုး’ တော့ အဓိပ္ပါယ် မသိဘူး)
ရွှေကိုင်းမိုး ကြိုးပါလေ။

မိုး မိုး မိုးရိဆင်               (မိုးရိဆင် = မိုးရိပ်ဆင်)
အီမလေပလန်မှာ ဝါတဲ့မိုး။                (အီမလေပလန် = ဤမြေပြင်)

မိုးမဝါဘဲ ကြာလေပြီ
မိုးကီးလေကီး လာလေပြီ
မိုး မိုး ဝါလိုက်ပါတော့မိုး။ ။

In: ကဗျာ Posted By: Date: Dec 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment