Professional Authors

တမ်းတတ

တမ်းတတ

“ရှင့်မျက်လုံးထဲမှာ ကျွန်မကို ထည့်ထားရဲ့လား”
ရှင်က အချစ်ကို ဆေးလိပ်သောက်ခါနီးမှ အသုံးပြုတယ်။
အချစ်ဆိုတာ ရှင်ထင်သလို ကုတင်ပေါ်က ရူးသွပ်မှု
မှမဟုတ်ဘဲ။ ကျွန်မက ပြတ်သားတယ်။ ချစ်တယ်
လို့ပြောတိုင်း အဖြေမတောင်းဘူး။ ပြက္ခဒိန်အစုတ်တွေကို
အတူတူရှိခဲ့တဲ့နွေရာသီတွေထဲ လွှင့်ပစ်လိုက်တော့
ရှင်နဲ့ကျွန်မ အနည်းဆုံးတော့ အနတ္တတွေ ခြားသွားပြီ။
ရှင်က ကမ္ဘာမီးလောင်ရင် ကျွန်မကို ချနင်းဖို့ အချစ်ကို သဲကြိုးလှလှတပ်စီးတယ်။
ကျွန်မ မကြိုက်တာ အဲဒါပဲ။ ရှင်ပြောတဲ့မျှော်လင့်ချက် ခြေကားယားလက်ကားယား
ရှင်သိတဲ့ ဓာတ်တိုင်တချို့လည်း မီးမလင်းတတ်ကြတော့ဘူး။
ရှင်ကမနက်ဖြန်။
ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့
နေဝင်ချိန်ဆို သူတောင်းစားအဖြစ်ခံတယ်။
ကျွန်မပြောချင်တာ အဲဒါပဲ။ ကမ္ဘာကြီးအသည်းအသန်ဖြစ်တဲ့နေ့က
ရှင်အိမ်မှာမရှိဘူး။ ရှင်မသိလိုက်ဘူး။
တကယ်တော့ ရှင်က အချိန်မစေ့သေးတဲ့ အသုဘတစ်ခု
မတည့်တာတွေ အလွန်အကျွံစားတယ်။
ပြီးမှ ကျွန်မကိုသတိမရဘဲ ချစ်တယ်လို့ပြောတယ်။
ကျွန်မ အမှားအတွက်…
သေချင်းကောင်းနဲ့ သေပါစေလို့ သံယောဇဉ်ရှိထားတယ်။
နေပိုင်
၁၁.၀၆.၂၀၁၂
၂၃း၃၄
In: ကဗျာ Posted By: Date: Mar 11, 2013
Comment #1

he.he.
so much lovely
can c true love obviously.

commentinfo By: ei lay at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment