Professional Authors

မြက်ခင်းစိမ်းတွေဘေးက ကျားတစ်ကောင်

မြက်ခင်းစိမ်းတွေဘေးက ကျားတစ်ကောင်

ဒါသိက္ခာရှိရှိ
ငါ့ကိုယ်ကျင့်တရား
ငါဟာ ကျားဆိုတာလေ
မြက်မစားတဲ့ကျားပေါ့
အဲ့ဒီမြက်တွေ
ဘယ်လောက်နုချိုသလဲ
မြည်းစမ်းကြည့်ရအောင်
ငါဟာ နွားမဟုတ်ဘူး .  .  .
တစ်ဖက်သက်ချစ်သူဆိုတာ
ရန်သူ မဟုတ်ပေမယ့်
စိမ်းစိုစို မြက်ခင်းချိုတွေပေါ့၊
စကားလုံးတွေမမှားပါဘူး
ငါခတ်တဲ့ လူ့အကဲ အဲ့ဒီလောက်မှမညံ့ပဲ
အမြင်တွေ မှားယောင်ဆောင်
ငါကြိုက်တဲ့ အသားတွေလို
ပြောင်းမမြင်နိုင်တာ
ငါဟာ မြက်မစားတဲ့ကျားမို့ .  .  .

“ငါနားမလည်ပါဘူးလို့” မင်းမပြောနဲ့
ဘယ်သူ နားလည်ဖို့လိုတာ
နှစ်ခါလောက် ထပ်စဉ်းစားကြည့်
သိက္ခာရှိတဲ့ မုဆိုးဘ၀ကို
တစ်ကယ် နားမလည်တာမင်း
တစ်ခြားရရ စားစား နွားတွေလို
ငါ့အသဲ မပျော့ပေမယ့်
ရေစား လေစားတဲ့အခါ
ငါကမ်းပါး ပြိုလာမှာစိုးလို
. . . . . . . . . . .  .
းးးးးးးးးး
းးးးးးး
မင်းချေလှမ်းတွေကို နားလည်
    ရပ်တန့်ပေးပါ.  .  . ။  ။  ။

In: ကဗျာ Posted By: Date: Apr 1, 2011
Comment #1

မြက်မစားတဲ့ကျား… အရေးအသားတွေပြောင်းသွားသလိုပဲ.. အားပေးသွားပါတယ်ရှင်.. 😀

commentinfo By: ရွှေငါး at Apr 9, 2011
Comment #2

အင်း မရွှေငါးရေ ဘာတွေပြောင်းသွားလဲ သေချာမပြောတက်ပေမဲ့
ပြီးခါနီးမှာ full stop အများကြီး ချလိုက်တော့ ရေးရတာ တော်တော်လေး
သက်သာသွားတယ်….သူများတွေ ရေးထားတာကို မြင်ပြီး လိုက်တုကြည့်တာပါ…..
အပျင်းကြီးတဲ့ ကဗျာဆရာတွေရဲ့ လုပ်ပုံ လုပ်နည်းနေမှာပေါ့

Poemscorner.မှာ ကဗျာတင်ပြီးတိုင်း မရွှေငါး တစ်ယောက်တော့ ငါရေးတာတွေကို
ဒိုင်ခံ အားပေးနေမှာပဲလို့ ယုံကြည် နေတယ်…..
အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်နော်…..

commentinfo By: nate thit(နေ့သစ်) at Apr 23, 2011
Comment #3

ဟ..လုပ်ပီ..ကိုနေ့သစ်ကတော့..ဒါပေါ့

commentinfo By: ရွှေငါး at Apr 25, 2011
Comment #4

ကောင်းလှချည့်လား
နောက်ဆုံးစာသားလေးကို ကြိုက်တယ်
“ငါ့အသဲ မပျော့ပေမယ့်
ရေစား လေစားတဲ့အခါ
ငါကမ်းပါး ပြိုလာမှာစိုးလို့
မင်းချေလှမ်းတွေကို နားလည်
ရပ်တန့်ပေးပါ. . . ။ ။ ။”
ဟဲဟဲ အသဲမမာတဲ့ စာရေးဆရာကြီးပေါ့နော်
အားပေးသွားပါတယ်။

commentinfo By: htoo95 at Sep 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment